ရုရှားတို့၏ Ocean-2024 စစ်ရေးလေ့ကျင့်မှုအတွင်း ဖရီးဂိတ်သင်္ဘော ရေတပ်ဗိုလ်ချုပ်ကြီး Golovkoမှ Kalibr ဒုံးကျည်ကို ပစ်လွှတ်ခဲ့

0
69

ရုရှား ရေတပ်၏ ရေတပ်ဗိုလ်ချုပ်ကြီး Golovko အမည်ရှိ ဖရီးဂိတ်သင်္ဘောသည် Ocean-2024 စစ်ရေးလေ့ကျင့်မှုအတွင်း Kalibr အမျိုးအစား ဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဝန်ကြီးဌာနသည် ပစိဖိတ်ရေယာဉ်စု၏ ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းအုပ်စုမှ Uragan ခရုဇ်ဒုံးပျံနှင့် Bastion ဒုံးပျံစနစ်မှ Onyx ခရုဇ်ဒုံးပျံတို့ကို ပစ်လွှတ်ခဲ့သည့် ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့သည်။

ပစိဖိတ်နှင့် အာတိတ်သမုဒ္ဒရာများတွင် ပြုလုပ်နေသည့် ရုရှားရေတပ်၏ စစ်ရေးလေ့ကျင့်မှုတွင် မြေထဲပင်လယ်၊ ကက်စပီယံပင်လယ်နှင့် ဘောလ်တစ်ပင်လယ်တို့တွင် စစ်သင်္ဘော ၄၀၀ ကျော်၊ ရေငုပ်သင်္ဘောများနှင့် အရန်သင်္ဘောများ၊ လေယာဉ်အစင်းရေ ၁၂၀ ကျော်နှင့် ရုရှားရေတပ်၏ လေကြောင်းမှ ရဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here