ရုရှားနှင့်တရုတ်တို့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုစတင်

0
95

မော်စကို၊စက်တင်ဘာ ၁၀

ရုရှားနှင့်တရုတ်စစ်သင်္ဘောများပူးပေါင်းကာ ရေတပ်နှစ်ဖွဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်းသိရှိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် မြေထဲပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာအထိဖြန့်ကျက်နိုင်စေမည့် အဓိကလေ့ကျင့်မှုတစ်ခုဖြစ်သည်ဟုလည်း မော်စကိုကပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ တရုတ်စစ်သင်္ဘောလေးစင်းနှင့်ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို့သည် ပင်လယ်လမ်းကြောင်းဆက်သွယ်ရေးနှင့် ရေကြောင်း ကုန်သွယ်ရေးနယ်မြေများကို ကာကွယ်ရန် စစ်ရေးလေ့ကျင့်ဖို့ ရုရှားသင်္ဘောများနှင့်အတူ လာရောက်ပေါင်းစည်းခဲ့ကြောင်းသိရသည်။

တရုတ်နှင့်ပူးတွဲပြုလုပ်သည့် ယခုစစ်ရေးလေ့ကျင့်မှုသည် ပစိဖိတ်၊အာတိတ်သမုဒ္ဒရာနှင့်မြေထဲပင်လယ်၊ ဘောလ်တစ်နှင့်ကက်စပီယံပင်လယ်များတွင် စက်တင်ဘာလ ၁၆ ရက်နေ့အထိပြုလုပ်မည့် ရုရှား၏စစ်သင်္ဘောလေးရာကျော်ပါဝင်သည့် ကြီးမားသောစစ်ရေးလေ့ကျင့်မှုများအနက် တစ်ခုဖြစ်သည်ဟုလည်းဆိုသည်။

တရုတ်ကမူ ရုရှားနှင့်ယခုကဲ့ညပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် နှစ်နိုင်ငံအကြား စစ်ဘက်ရေးရာကိစ္စများ၌ မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်စေရန်နှင့် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို ပူးတွဲတုန့်ပြန်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်ရည်ရွယ်ကြောင်း တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနကဖော်ပြထားသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here