ဘာလီ၏သဘာဝအလှမပျက်ရန် ဟိုတယ်အများအပြားတည်ဆောက်မှုဆိုင်းငံ့

0
133

ဘာလီ၊စက်တင်ဘာ ၁၁

အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းသည် ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးနှင့်အထင်ရှားဆုံးနေရာဖြစ်သော်လည်း စိုက်ပျိုးမြေများကိုထိန်းသိမ်းရန်နှင့် လူစည်ကားမှုနှင့်ဖွံ့ဖြိုးတိုးတက်လွန်းမှုကိုထိန်းချုပ်သည့်အနေဖြင့် ဟိုတယ်များ၊နိုက်ကလပ်များနှင့်တိုက်ခန်းများကိုဆောက်လုပ်ခြင်းကို ဆိုင်းငံ့ထားရန် အင်ဒိုအစိုးရက စီစဉ်နေသည်ဟုသိရသည်။

အဆိုပါဆိုင်းငံ့မှုသည် အခြေအနေနှင့်အစိုးရ၏အကဲဖြတ်မှုအပေါ်မူတည်ပြီး ၁၀ ခန့်အထိကြာသွားနိုင်သည်ဟုလည်း ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းရေးဝန်ကြီးကပြောကြားခဲ့သည်။

ယခုဆိုင်းငံ့မှုမှတစ်ဆင့် စီးပွားဖြစ်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်လျက်ရှိသည့် ဟိုတယ်များ၊အိမ်ကြီးအိမ် ​ေကာင်းများနှင့်ကမ်းခြေရှိကလပ်များ တဟုန်ထိုးပေါများလာမှုကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကမီဒီယာများကိုပြောကြားခဲ့သည်။

ကိုဗစ်ကာလအလွန်ကတည်းက ဘာလီသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု မြင့်တက်လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဧည့်သည်ဝင်ရောက်မှုပေါင်း ၃ ဒသမ ၈၉ သန်းရှိခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ၂ ဒသမ ၉ သန်းပိုများခဲ့ကြောင်း သိရသည်။

Source : ဆော့သ်ချိုင်းနားမောနင်းပို့စ်တ်


LEAVE A REPLY

Please enter your comment!
Please enter your name here