WBC အသိအမှတ်ပြု ချန်ပီယံခါးပါတ်များတွင် မြန်မာကိုယ်စားပြု နိုင်ငံတော်အလံအား ထည့်သွင်းမည်

0
61

ကမ္ဘာ့ဘောက်ဆင်ကော်မရှင်(WBC)၏ အသိအမှတ်ပြု ချန်ပီယံခါးပါတ်များတွင် မြန်မာကိုယ်စားပြု နိုင်ငံတော် အလံအား ထည့်သွင်းသွားနိုင်ရန် စီစဉ်လျှက်ရှိကြောင်း မြန်မာဘောက်ဆင်ကော်မရှင်၏ အသိပေးချက်အရ သိရသည်။

လက်ရှိတွင် WBC အသိအမှတ်ပြု ချန်ပီယံခါးပါတ်များ၌ နိုင်ငံပေါင်း (၁၈)နိုင်ငံ၏ နိုင်ငံအလံများထည့်သွင်းထားပြီးမြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဆောင်ရွက်လျှက်ရှိကာ ဝင်ခွင့်ရပါက နိုင်ငံ့အလံအားထည့်သွင်းခွင့်ရရှိမည်ဖြစ်သည်ဟု သိရသည်။

WBC အဖွဲ့ဝင်ခွင့်အား ၂၀၂၅ခုနှစ်ကုန် (သို့မဟုတ် ) ၂၀၂၆ ခုနှစ်အတွင်း နောက်ဆုံးထား၍ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာဘောက်ဆင်ကော်မရှင် (MBC) က ဆိုသည်။

လက်ရှိတွင် မြန်မာဘောက်ဆင်ကော်မရှင်အနေဖြင့် ယခုနှစ် စက်ဘာလအတွင်းကျင်းပပြုလုပ်မည့် နိုင်ငံတကာပွဲစဉ်အတွင်း MBC မှ ကစားသမားများ ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့်အပြင် ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် JBC ပြိုင်ပွဲများတွင်လည်း ပါဝင်ကစားနိုင်ရန်လည်း သဘောတူထားကြောင်း သိရသည်။

ဓာတ်ပုံ- MBC


LEAVE A REPLY

Please enter your comment!
Please enter your name here