မြန်မာနိုင်ငံသားများ ဂျပန်တွင် ပညာသင်ဆုလျှောက်ထားနိုင်

0
94

မြန်မာနိုင်ငံသားများအနေဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ဆုလျှောက်ထားလိုပါက ယခုစက်တင်ဘာလအတွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Master Degree အတွက် Long-term Career Development ပညာသင်ဆုအစီအစဉ် (FY2025) တွင် တက်ရောက်နိုင်ရန် ခေါ်ယူနေခြင်းဖြစ်သည်။

အဆိုပါ ပညာတော်သင်ဆု လျှောက်ထားသူများ အနေဖြင့် အသက် (၂၂)နှစ် မှ (၃၉) နှစ်အတွင်းရှိရမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်နေသူများ ပါဝင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ-ဂျပန်စင်တာ (MJC) မှ သင်တန်းများကို တက်ရောက်ဖူးသူများ သို့မဟုတ် MJC ၏ Business course နှင့် Activities များကို တက်ရောက်ခဲ့သည့် ကုမ္ပဏီများမှ ဝန်ထမ်းများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

အလားတူ UMFCCI တွင် Business Management course တက်ရောက်ဖူးသူများလည်း လျှောက်ထားနိုင်ပြီးစိုက်ပျိုးရေး၊ စီမံခန့်ခွဲရေး၊ အင်ဂျင်နီယာ၊ နည်းပညာ၊ ခရီးသွား၊ စီးပွားရေးဆိုင်ရာပညာရပ်များ၊ General Information and Application form (To be announced) တို့ကိုလျှောက်ထားနိုင်ကြောင်း သိရသည်။

MJC website ဖြစ်သည့် [email protected] တွင် တတ်ရောက်လိုသူများအနေဖြင့် လေ့လာနိုင်ပြီး အ သေးစိတ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here