သြစတြေးလျ ကာကွယ်ရေးကုန်စည်ပြပွဲတွင် ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်

0
101
Protesters confront police outside the Land Forces 2024 arms fair in Melbourne on September 11, 2024. (Photo by William WEST / AFP)

သြစတြေးလျနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော ကာကွယ်ရေးကုန်စည်ပြပွဲ၌ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ ဝင်များ နှင့် ရုန်းရင်းဆန်ခတ် ဖြစ်သဖြင့် ဒါဇင်နှင့်ချီကာ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း ဆန္ဒပြသူအချို့သည် အမှိုက်ပုံးများကို မီးရှို့ကာ ရဲများစီးသောမြင်းများကို ပစ်မှတ်ထားခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်းဖျန်းဆေးများဖြင့် တုန့်ပြန်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

မဲလ်ဘန်းမြို့လယ်ရှိ နိုင်ငံတကာပြပွဲသို့ တက်ရောက်လာကြသူများကို ပိတ်ဆို့ဟန့်တားရန်ကြိုးပမ်းသည့် လူ ၁,၂၀၀ ဝန်းကျင်ခန့်ရှိ လူအုပ်ကို ရဲတပ်ဖွဲ့အနေဖြင့် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသည်။

သုံးရက်ကြာ ကျင်းပသည့် အဆိုပါပြပွဲသို့ ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး စစ်လက်နက်ပစ္စည်းများ၊ အကြီးစား ထရပ်ကားများ၊ တစ်တောင့်ချင်းပစ် ‌ေ-သနတ်များနှင့် အခြားလက်နက်များကို ပြသထားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် လက်နက်လုပ်ငန်းနှင့် ယင်း၏ အကျိုးအမြတ်များကို နိုင်ငံများစွာရှိ လူများ၏ ဒေါသများ ကြီးမားလာ၍ ယခုကဲ့သို့ ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ မီးရှို့မှု၊ လမ်းပိတ်ဆို့မှုနှင့် ရဲအရာရှိတစ်ဦးကို ရို-က်နှက်ခဲ့မှုတို့ဖြင့် လူ ၃၃ ဦးကို ဖမ်းဆီးထားသည်ဟု ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ပြောဆိုသည်။ ဆန္ဒပြသူအချို့သည် မြင်းချေးများ၊ ကျောက်ခဲများ၊ သစ်သီးများဖြင့် ရဲတပ်ဖွဲ့ကို ပစ်ပေါက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့်သည် ဆေးကုသမှုခံယူရမည့် အခြေအနေဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စီအင်န်အင်န်ကို ပြောဆိုသည်။ ရဲစီးမြင်းများသည်လည်း ပစ်မှတ်ထားခံခဲ့ရသည်။ ပြင်းထန်သည့် ဒဏ်ရာမူ မရခဲ့ဟုလည်း သူက ဆက်လက် ပြောဆိုခဲ့သည်။

ဆန္ဒပြသူများထဲတွင် အများစုသည် ပါလက်စတိုင်းအလံများ ကိုင်ဆောင်ဝှေ့ရမ်းခဲ့ကြပြီး ပါလက်စတိုင်းထောက်ခံ ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကာ အကြမ်းဖက်ပဋိပက္ခအဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြသည်။ ယင်းဆန္ဒပြပွဲသည် မဲလ်ဘန်းမြို့တွင် ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံး ဆန္ဒပြပွဲဖြစ်သည်ဟု သြစတြေးလျ မီဒီယာများက ဖော်ပြခဲ့သည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here