ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ (၅)ရွာမှ လူ (၁၀)ဦး ရေနှင့်မျောပါကာ အသက်ဆုံးရှုံးခဲ့ရ

0
58

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ (၅)ရွာမှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၀)ဦး ရေနှင့်မျောပါကာ အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းများအရ သိရသည်။

စက်တင်ဘာ (၁၁)ရက်မှ စတင်၍ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့် ပြည်သူများအား ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၁၅၁၁၃)စု၊ အမျိုးသား(၂၃၉၉၅)ဦး၊ အမျိုးသမီး(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုကြောင့် ဖြစ်စဉ်ကြောင့် ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ အမျိုးသား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၁၀)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကနဦးသတင်းရရှိပါသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများအား သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်းစသည့် ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here