နေပြည်တော်သို့ ရေဘေးကူညီမည့် ပရဟိတအသင်းလူနာတင်ယာဉ် အစီး ၁၀၀ ကို စက်သုံးဆီလှူဒါန်းမည်ဟု New Day ဆီဆိုင် ကြေညာ

0
95

နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်း၊လယ်ဝေးနှင့်ပျဥ်းမနား ဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေး လူနာတင်ယာဥ်များကို ယာဥ်တစ်စီးလျှင် စက်သုံးဆီ (၁၀) ဂါလံနှုန်းဖြင့် ကယ်ဆယ်ရေးလူနာတင်ယာဥ် အစီးရေ (၁၀၀) တိတိအား စက်သုံးဆီများအခမဲ့ဖြည့်တင်းလှူဒါန်းပေးမည် ဖြစ်ကြောင်း New Day ဆီဆိုင်က ယနေ့ မနက်ပိုင်းတွင် ကြေညာသည်။

လှူဒါန်းပေးမည့် ဆိုင်များမှာ နေပြည်တော်ပျဥ်းမနားမြို့၊သပြေလှသက်ကယ်ကျင်းရပ်၊ ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိ New Day စက်သုံးဆီအရောင်းဆိုင် ဖြစ်ကြောင်းလည်း သိရသည်။

စက်သုံးဆီလာရောက်ဖြည့်တင်းသော ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဥ်ကိုလည်း ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး New Day Energy Co Ltd ၏ Facebook စာမျက်နှာတွင် ဖော်ပြပေးမည်ဖြစ်သည်ဟုလည်း ဆိုသည်။

သို့ဖြစ်ပါ၍ ရေဘေးကယ်ဆယ်ရေးလူနာတင်ယာဥ်များအနေဖြင့် စက်သုံးဆီလိုအပ်ပါက နေပြည်တော်နယ်မြေ၊ ပျဥ်းမနားမြိို့၊New Day စက်သုံးဆီအရောင်းဆိုင် သို့ စက်သုံးဆီ အခမဲ့လာရောက်ဖြည့်တင်းနိုင်ပါကြောင်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here