တာချီလိတ်မြို့တွင် ရေပြန်ကျပြီးနောက် ယနေ့ မြင်တွေ့ရသည့် မြင်ကွင်း

0
50

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာလ (၁၂)ရက် နံနက် (၇)နာရီအချိန်မှစတင်၍ မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်းခဲ့ပြီဖြစ်ရာ၊ မြို့ပေါ်ရပ်ကွက်နှင့် လမ်းများပေါ်တွင် ပျက်စီးနေမှုများနှင့်အတူ ရွှံ့နွှံများလည်း ကျန်ရှိခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် (၁) ချစ်ကြည်ရေးတံတား အပါအဝင် အဝိုင်းပတ်၊ ခရိုင်နှင့် မြို့နယ် စုပေါင်းရုံး၊ မြို့နယ် အကောက်ခွန်ဦးစီးဌာနရုံး၊ ရီဂျီးနားဟိုတယ်အနောက်နှင့် မြို့တွင်းနေရာများတွင် ပျက်စီးဆုံးရှုံးမှုနှင့် ရွှံ့နွံများ ကျန်ရှိခဲ့ကြောင်း ဒေသတွင်းသတင်း ဖော်ပြချက်များအရ သိရသည်။

လက်ရှိတွင် ရေတင်ကျန်ခဲ့သည်နေရာများလည်းရှိနေသေးပြီး၊ ရေပြန်လည်ကျဆင်းသွားပါက ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည် ယခုနှစ် ဩဂုတ်လအတွင်း တစ်ကြိမ် ၊ စက်တင်ဘာလအတွင်း တစ်ကြိမ်မယ်ဆိုင်ချောင်းရေမြင့်တက်မှု့ကြောင့် ရေကြီးရေလျှဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၊ ယခုလ ရေကြီးရေလျှံဖြစ်ပွားမှုသည် အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here