တာချီလိတ်မြို့တွင် မြေပြိုမှုဖြစ်ပွားပြီး အိမ်(၁၀)လုံးဝန်းကျင်ပါသွားဟုဆို

0
89

စက်တင်ဘာ (၁၁) ရက် နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အိမ် (၁၀) လုံးအိမ်ဝန်းကျင်ခန့်ပါသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပုန်းထွန်ရပ်ကွက်အတွင်း ခရစ်ယာန်သင်္ချိုင်းအနောက်ဘက်ရှိ ရာဘာခြံအနီး ဝမ်မိုင်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမြေပြိုမှုဖြစ်စဉ်ကြောင့် ကလေ-းငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်ရှိနေသူများလည်းရှိ၍ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

” အခုထိ လူတွေရှာနေတုန်း။ (၁၀) အိမ်လောက်ပါ သွားတယ်။ သူက ရာဘာခြံဘက်ကနေ ပြိုကျလာတာ။ အဲဒီမြေပြိုတာမတိုင်ခင် အဲဒီတောင်ကနေ အော်သံတွေကြားရတယ်။ ပြီးတော့ရုတ်တရက်ကြီး ပြိုကျလာတာ။ ရုတ်တရက်ကြီးဆိုတော့ ရှောင်ချိန်မရကြဘူး” ဟု ပုန်းထွန်ရပ်ကွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် ရှိ နေရာအများအပြားတွင် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယနေ့စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရေများကျသွားပြီးနောက် ရွှံ့နွံများတင်ကျန်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here