ပျဉ်းမနားမြို့၊ ဆင်‌ေ-သရွာမှ ကြံပင်များထဲ ပိတ်မိနေသည့် ကလေ-း လူကြီး (၃၄)ဦးကို ကယ်တင်နိုင်ခဲ့ပြီး ‌ေ-သဆုံးရုပ်အလေ-ာင်း တစ်လေ-ာင်း ဆယ်ယူရရှိ

0
58

နေပြည်တော်၊ ပျဉ်းမနားမြို့ ဆင်‌ေ-သရွာသို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ယနေ့ စက်တင်ဘာ (၁၂)ရက်က သွားရောက် ကယ်ဆယ်ရေးလုပ်ဆောင်ရာ ကြံပင်များထဲ ပိတ်မိနေသည့် က-လေး လူကြီး (၃၄)ဦးကို ကယ်တင်နိုင်ခဲ့ပြီး ‌ေ-သဆုံးရုပ်အလော-င်း တစ်လေ-ာင်း ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ (၁၀) ရက်မှ စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ရာ ပျဉ်းမနားမြို့တွင်း ဖြတ်သန်းစီးဆင်းသည့် ငလိုက်ချောင်း၊ ဆင်သေချောင်း၊ ပျဉ်းမနားမြို့ အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းမြစ်ဘေး အနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရေစီးသန်သန်ကို speed boat နဲ့ အသက်တွေကို လောင်းကြေးထပ်ပြီး သွားကယ်ရတာ။ တစ်ညလုံး အပင်ကို ဖက်ပြီး ရေထဲနေရတဲ့ ကြံခင်းတွေထဲ ကြောက်လန့်နေတဲ့ ကလေး-လူကြီး ၃၄ ဦး de@d body တစ်ဦး အား ဆယ်ယူကယ်ဆယ်ရရှိခဲ့ပါတယ်။”ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ နိုင်ငံတဝန်း ရေကြီး/ရေလျှံမှုများကြောင့် ဒေသတွင်းပိတ်နေသူများ အသက်ဆုံးရှုံးခဲ့ရသူများရှိနေပြီး ရမည်သင်းမြို့နယ်အတွင်း (၁၀)ဦး ရေနှင့်မျောပါကာ အသက်ဆုံးရှုံးခဲ့ရပြီး ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တွင်လည်း (၅)နှစ်အရွယ် ကလေ-းငယ် တစ်ဦး ရေနစ်အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် နေရာဒေသများသို့ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here