“ဝ”ဒေသအတွင်း ရေကြီးရေလျှံမှုများထပ်မံ ဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံများကြိုတင်ပြင်ဆင်ထားကြရန် ဒေသအာဏာပိုင်အဖွဲ့ သတိပေးနှိုးဆော်

0
46

မိုးလေဝသ ခန့်မှန်းချက်အရ “ဝ”ဒေသအတွင်းရေကြီးရေလျှံမှုများ ထပ်ရှိလာနိုင်သဖြင့် ဒေသခံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်ကြရန် အာဏာပိုင်အဖွဲ့ ကသတိပေးနှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ သတိပေးချက်ကို ယနေ့ စက်တင်ဘာ (၁၂)ရက် မွန်းလွဲပိုင်းအချိန်၌ “ဝ”ဒေသအခြေစိုက် Wa News Land မှတဆင့် နှိုးဆော်ထားသည်ကိုတွေ့ရပြီး၊ သဘာဝဘေးအန္တရာယ် ကြုံနေရသည့် ဒေသခံများမိုင်းပေါက် တရားရေးကော်မတီထံသို့ ဖုန်းဆက်၍ အကူအညီ တောင်းခံနိုင်ကြောင်း ဆိုထားသည်။

လက်ရှိတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် မိုင်းပေါက်မြို့အတွင်းတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပပ်ဆောင်နေကြကြောင်း သိရသည်။

“ဝ” ဒေသမိုင်း‌ပေါက်မြို့တွင် စက်တင်ဘာ(၉)ရက်နေ့ ၌ ရေကြီး‌ရေလျှံဖြစ်ပွားခဲ့ရာ၊ အဆိုပါ ဖြစ်စဉ်အတွင်း လူနေအိမ်များ ၊ မော်တော်ယာဉ်များ နှင့် လမ်းပိုင်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ဓာတ်ပုံ- WSTV (Screen Grab)


LEAVE A REPLY

Please enter your comment!
Please enter your name here