နေပြည်တော်အတွင်း ကျေးရွာများမှ ကလေ-း လူကြီး (၁၁၀၀) ကျော် ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့

0
60

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိရာ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကလေ-း လူကြီး (၁၁၀၀) ကျော် ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

နေပြည်တော်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထိုသို့ လုပ်ဆောင်လျက်ရှိရာ ကင်းသာလမ်းဆုံမှ ၂၉ ဦး၊ သာယာအေးမှ ၁၂ ဦး၊ ဆင်တဲကြီးရွာမှ ၄၁ ဦး၊ အောင်ဇေယျ၊ ဘုရင့်နောင်၊ ပိန်းတောမှ ၁၂၀ ဦး၊ ရှောက်ကုန်းနှင့် ကင်းသာမှ ၅၀ ဦး၊ အနော်ရထာရပ်ကွက်မှ ၁၉ ဦး၊ နောင်သင်္ခါရွာသစ်မှ ၁၈ ဦး၊ မန်ကျည်းပင်၊ ဘုရင့်နောင်၊ ခုတင်(၁၀၀)ဆေးရုံ၊ ဓမ္မရိပ်သာမှ ၄၄၅ ဦး၊ ဘိုးဘွားရိပ်သာမှ ၃၅ ဦး၊ ကျည်တောင်ကန်နှင့် အောင်ပန်းကျေးရွာမှ ၁၈ ဦး၊ သာယာကုန်းကျေးရွာမှ ၈ ဦး၊ သရက်သမိန်ကျေးရွာမှ ၅၄ ဦး၊ ဘောဂသီရိကားကြီးဝင်းမှ ၉ ဦး၊ လယ်ဝေး၊ လက်ပံကုန်းကျေးရွာမှ ၈ ဦး၊ အောင်ဇမ္ဗူ(၄)လမ်းမှ ၂၁ ဦး စုစုပေါင်း ရေဘေးသင့်ပြည်သူ ၈၈၇ ဦးအား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝက်ကုန်း၊ ပေါက်တောနှင့် အေးမြသာယာကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၂၄၀ ဦးအား ထပ်မံ ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းနှင့် ပျဉ်းမနားမြို့၊ မအူပင်ကျေးရွာမှ ရေဘေးသင့်ပြည်သူ ၂၄ ဦးအား ထပ်မံကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ပိတ်မိနေသူများ ရှိနေသေးသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထပ်မံ၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here