မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိတံတားများစစ်ဆေးချက်အရ ယနေ့အချိန်အထိ ရထားများအန္တရာယ် ကင်းစွာဖြင့် သွားလာ‌နိုင်

0
49

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိတံတားများကို မီးရထားဝန်ထမ်းများ စစ်ဆေးလျက်ရှိပြီး၊ စစ်ဆေးချက်အရ ယနေ့ စက်တင်ဘာ (၁၂)ရက်နေ့အထိရထားများအန္တရာယ် ကင်းစွာဖြင့် သွားလာ‌နိုင်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထားသည်။

နိုင်ငံအဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ ယင်းအတွက် မော်လမြိုင်-ရန်ကုန်
လမ်းပိုင်းအတွင်း မိုးများလျှင် ရေကျော်မြဲဖြစ်သည့် ဒုံဝန်းဘူတာ နှင့် နှင်းပုလဲဘူတာကြားရှိ ရထားလမ်းပိုင်းတံတားများအား မြန်မာ့မီးရထားဝန်ထမ်းများက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုချိန်ထိ ရထားများအန္တရာယ် ကင်းရှင်းစွာဖြင့် ဖြတ်သန်းနိုင်ကြောင်း အသိပေးထားသည်။

ယနေ့ စက်တင်ဘာ(၁၂)ရက်တွင် မော်လမြိုင်မှ ထွက်ခွာသော အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ (၈)နာရီခွဲအချိန်မှန်ထွက်ခွာသွားပြီး၊ မော်လမြိုင်ဘူတာကြီးမှ ခရီးသည်ဦးရေ (၂၉၀)ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

ယမန့်နေ့ စက်တင်ဘာ (၁၁)ရက်က ပျော်ဘွယ်မြို့အနီး ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်ရှိ တံတားတစ်စင်းအား ထိန်းကွပ်ထားသည့် သံဘောင်တစ်ခုမှာ ရေတိုက်စားမှုကြောင့်ပြုတ်ထွက်သွားသည့်အတွက် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ယာယီရပ်နားထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here