ရမည်းသင်းတွင် ရေစီးနှင့်အတူ မျောပါလာသည့် ရုပ်အလော-င်း(၇)လော-င်း ထပ်မံတွေ့ရှိ၊ ရေဘေးကြောင့် အသက်ဆုံးရှုံးရသူစုစုပေါင်း (၁၇) ဦးရှိပြီဖြစ်

0
65

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလေ-ာင်း(၇) လေ-ာင်း ထပ်မံတွေ့ရှိခဲ့ပြီး ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း (၁၇) ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလော-င်း(၇) လော-င်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

အဆိုပါ ရုပ်အလေ-ာင်းများကို ရမည်းသင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင်လည်း ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား (၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစု ပေါင်း (၁၀)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလု ပ်ငန်းများဆောင်ရွက်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here