Kursk ဒေသ၏ Sudzha ခရိုင်တွင် ယူကရိန်း တပ်ဖွဲ့ဝင် ၇,၀၀၀ ခန့် ဆုံးရှုံးခဲ့ဟုဆို

0
102

ရုရှားနိုင်ငံ Kursk ဒေသသို့ ယူကရိန်းတပ်များ ဩဂုတ်လ ၆ ရက်က စတင်ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ ယူကရိန်းစစ်တပ်သည် Sudzha ခရိုင်တစ်ခုတည်းတွင်ပင် တပ်ဖွဲ့ဝင် ၇၀၀၀ ထက်မနည်း ဆုံးရှုံးခဲ့ကြောင်း ရုရှားစစ်တပ်၏ အဓိကစစ်နိုင်ငံရေးဌာန ဒုတိယအကြီးအကဲ နှင့် Akhmat အထူးတပ်ဖွဲ့ကွန်မန်ဒိုယူနစ်တပ်မှူးဖြစ်သူ ဗိုလ်ချုပ် Apty Alaudinov က ပြောကြားသည်။

“Kursk မှာ ဒီစစ်ဆင်ရေး စတင်ကတည်းက ရန်သူဟာ ကျွန်တော်တို့ တာဝန်ယူရတဲ့ နယ်မြေ [Sudzha ခရိုင်] တစ်ခုတည်းမှာတင် တပ်ဖွဲ့ဝင် ၇၀၀၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်” ဟု သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံ၏ နယ်နိမိတ်မျဉ်းဖြစ်သော Kursk ဒေသကို ဩဂုတ်လ ၆ ရက်က စတင်၍ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ယူကရိန်းဖက်မှ တပ်ဖွဲ့ဝင် ၁၂၂၀၀ ကျော်၊ တင့်ကား ၉၆ စီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၄၂ စီး၊ သံချပ်ကာလူတင်ယာဉ် ၇၇ စီး၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၆၅၆ စီး၊ မော်တော်ယာဉ် ၄၀၁ စီး၊ အမြောက် ၉၀၊ HIMARS ဒုံးပျံ ၇ စင်းနှင့် M270 ငါးခုအပါအဝင် ဒုံးကျည်ပစ်လွှတ်စနစ် ၂၆ ခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ရှစ်ခု၊ သယ်ယူပို့ဆောင်ရေးယာဉ် နှစ်စီး၊ အီလက်ထရွန်နစ် စစ်စခန်း ၂၂ ခုနှင့် တန်ပြန်ရေဒါစခန်း ခုနစ်ခု၊ လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ် နှစ်ခု၊ အတားအဆီး ရှင်းလင်းရေး ယာဉ်နှစ်စီးနှင့် UR-77 ၁ စီး၊ မိုင်းရှင်းလင်းရေးယာဉ် ၁စီးအပါအဝင် စစ်မြေပြင် အင်ဂျင်နီယာယာဉ် ရှစ်စီးတို့ ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here