နေပြည်တော်ရေဘေးကြောင့် တပ်ကုန်းနှင့် ပုဗ္ဗသီရိမြို့နယ်တို့၌ ကျေးရွာချင်းဆက် လမ်းနှင့် တံတားများ ပျက်စီး

0
46

နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာချင်းဆက် လမ်းနှင့်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့‌ ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၀) ရက်နှင့် (၁၁)ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းက ကျေးရွာချင်းဆက်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၊ရှားတောကျေးရွာနှင့် ညောင်ပင်သာကျေးရွာသို့ ဆက်သွယ်ထားသော အကျယ် (၁၄) ပေ၊ အလျားပေ (၂၀၀) ရှိ ရေကျော်ကွန်ကရစ်တံတားတွင် ညောင်ပင်သာဘက်ခြမ်း အလျား ပေ (၅၀) ခန့် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာနှင့် ရွှေမြိုကျေးရွာသို့ ဆက်သွယ်ထားသော စိန်ရွှေတံတား အကျယ် (၁၂) ပေခန့်၊ အရှည် ပေ (၁၂၀) ခန့်ရှိ သံဘောင်သစ်သားတံ တားလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ ပုဗ္ဗသီရိမြို့နယ်တွင်လည်း ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ်ကွန်ကရစ် လမ်းနှင့် ဖွံဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်ချင်းဆက် (သိုက်ချောင်း)အနီး မြို့ပတ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း အကျ ယ် ပေ (၄၀)တံတားနှစ်စင်း၊ တံတားချဉ်းကပ်လမ်း (၁၅) ပေ ကျိုးပဲ့ခြင်း၊ ဇီးကုန်းကျေးရွာ ဆင်‌ေ-သတံတား ထိပ်နှစ်ဘက်ကျိုးခြင်း စသည့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here