ယာဂီကြောင့် ေ-သဆုံးခဲ့သည် ဗီယက်နမ်နိုင်ငံသားများအတွက် စင်္ကာပူက ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

0
94

စင်္ကာပူ၊စက်တင်ဘာ ၁၂

စင်္ကာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့သည် တိုင်ဖွန်းယာဂီကြောင့် ဗီယက်နမ်နိုင်ငံ၌ လူရာချီ‌ေ-သဆုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

ဝန်ကြီးချုပ် မစ္စတာဝေါင်းက ၎င်း၏စာကို ဗီယက်နမ်ဝန်ကြီးချုပ်ထံပေးပို့ခဲ့ပြီး ယာဂီကြောင့် ဗီယက်နမ်၌ ပြည်သူ များ ရာ နှင့်ချီ ၍ ‌ေ-သဆုံးကာ တိုက်တာအဆောက်အအုံများပျက်စီးခဲ့ရသည့် အတွက် ဝမ်းနည်းမိပါကြောင်းနှင့် စင်္ကာပူအစိုးရ ကို ကိုယ်စာပြုကာ စာကိုပေးပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ခက်ခဲနေချိန်၌ ဗီယက်နမ်အတွက်အသင့်ရှိနေပြီး ကူညီရန်အဆင်သင့်ရှိပါကြောင်းလည်းပြောကြားခဲ့သည်။

ယာဂီသည် အရှေ့တောင်အာရှနိုင်ငံများသို့ဝင်ရောက်သည့်မုန်တိုင်းများအနက် နှစ်သုံးဆယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံး တိုက်ဖွန်းမုန်တိုင်းလည်းဖြစ်ကာ ဗီယက်နမ်၌ လက်ရှိအချိန်အထိ ‌ေ-သဆုံးသူ ၁၇၀ ကျော်နေပြီဟုလည်းသိရသည်။

တိုက်ဖွန်းယာဂီသည် တရုတ်နိုင်ငံမှ ဟိုင်နန်၊ဖိလစ်ပိုင်၊ဗီယက်နမ်တို့ကိုသာမက အိမ်နီးချင်း လာအို၊ထိုင်းနှင့် မြန်မာနိုင်ငံတို့အထိပါ ရေကြီးရေလျှံမှုများလည်းဖြစ်ပေါ်စေခဲ့သည်။

Source : စီအင်န်အေ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here