ယူကရိန်းအတွက် အမေရိကနှင့်ယူကေ က စီးပွားရေး အကူအညီပေးမည်

0
120
US Secretary of State Antony Blinken (L) and Britain's Foreign Secretary David Lammy (R) pose with Ukraine’s President Volodymyr Zelensky (C) at the Mariinsky Palace in Kyiv, on September 11, 2024, amid the Russian invasion on Ukraine. - US and British top diplomats began a visit on September 11 to Ukraine, where they will discuss further easing rules on firing Western weapons into Russia, whose alleged acquisition of Iranian missiles has raised new fears. (Photo by Mark Schiefelbein / POOL / AFP)

ကိဗ်၊စက်တင်ဘာ ၁၂

အမေရိကနှင့်ဗြိတိန်တို့သည် ယူကရိန်းအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါးထောက်ပံ့ကူညီရန် ကတိပြုခဲ့ပြီး ရုရှားပိုင်နက်အတွင်းသို့ ထိုးစစ်ဆင်ရာ၌ ၎င်းတို့ပံ့ပိုးထားသည့်လက်နက်များကို အသုံးပြုခွင့်ဆိုင်ရာကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်တောင်းဆိုချက်များကိုလည်း အမြန်ဆုံးစဉ်းစားရန်လည်းကတိပြုခဲ့ကြောင်းသိရသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာချိန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့်ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လန်မီတို့သည် နှစ်နိုင်ငံပူးပေါင်းပြီး ကိဗ်သို့သွားရောက်ခဲ့ကာ ယူကရိန်းကို ထောက်ခံကြောင်းပြသခဲ့ကြသည်။

မစ္စတာလန်မီနှင့်အတူ ကိုးနာရီကြာရထားစီးပြီး ကိဗ်သို့လာခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန်က ယူကရိန်းအတွက် စီးပွားရေးအကူအညီအသစ်အဖြစ် ကန်ဒေါ်လာ ၇၁၇ သန်းကိုလည်းကမ်းလှမ်းသွားဦးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

၎င်းတို့အနက်ထက်ဝက်ခန့်သည် ဆောင်းရာသီရောက်သည်နှင့်ရုရှားဘက်မှ ဖိအားပေးခြင်းခံနေရသည့် ယူကရိန်း၏လျှပ်စစ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများ ခိုင်မာ တောင့် တင်း လာစေရန်အတွက် ပံ့ပိုးကူညီမည်ဟုလည်းပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ထောက်ခံမှုမလျော့သွားပါဘူး၊စည်းလုံးညီညွတ်မှုကလည်း ပြိုကွဲသွားမှာမဟုတ်ပါဘူး” ဟုလည်း ကိဗ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဘလင်ကန်ကထည့်သွင်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here