ထိုင်းမြောက်ပိုင်း၌ ရေကြီး၍ လူထောင်ချီသောင်တင်နေ

0
73
Local rescue teams pick up schoolchildren and residents during flooding in the northern Thai city of Chiang Rai on September 12, 2024. - Thai authorities said at least four people were killed in the northern provinces of Chiang Mai and Chiang Rai and the army had been deployed to help around 9,000 families hit by floods. (Photo by Lillian SUWANRUMPHA / AFP)

ဘန်ကောက်၊စက်တင်ဘာ ၁၂

ယာဂီမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းရိုင်ပြည်နယ်တွင် ရေကြီးရေလျှံနေပြီး လူများ ထောင် နှင့် ချီကာ သောင်တင်နေသဖြင့် ထိုင်းတော်ဝင်တပ်တော်က အထူးတပ်ဖွဲ့များဖြင့် ရေဘေးအတွက် လှေများ နှင့် ရဟတ်ယာဉ်များကို အသုံးပြုကယ်ဆယ်ရေးလုပ်နေရကြောင်းသိရသည်။

ဩဂုတ်လအလယ်မှစ၍ ထိုင်းနိုင်ငံတစ်ဝန်း မိုးနှင့်ဆက်စပ်သောသဘာဝဘေးအန္တရာယ်ကြောင့် ‌ေ-သဆုံးသူသည် ၃၃ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရပြီး ရေကြီးမှုနှင့်မြေပြိုမှုများကြောင့်လည်း ‌ေ-သဆုံးသူများရှိခဲ့သည်။

ယခုနှစ်အတွင်း အာရှ၏အပြင်းထန်ဆုံးမုန်တိုင်းအဖြစ်သတ်မှတ်ခံထားရသည့် ယာဂီကြောင့် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့တွင်လည်း‌ေ-သဆုံးမှုများရှိခဲ့သည်။

ရေကြီးမှုဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် ထိုင်း နိုင်ငံမြောက်ဘက်စွန်းရှိ ချင်းရိုင်ခရိုင်တွင် ရေပြန်ကျနေပြီဖြစ်သော်လည်း မြစ်ကမ်းချောင်းနားနီးရာဒေသများတွင်မူ ရေများရှိနေဆဲဖြစ်သည်ဟုလည်းသိရသည်။

“အိမ်တွေထဲမှာပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အင်တိုက်အားတိုက်လုပ်ဆောင်နေပါတယ် ၊ကယ်ဖို့ကျန်နေတဲ့သူတွေလည်း ရာချီရှိနေပါသေးတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး ကယ်ဆယ်ရေးအတွက် ထိုင်းရေတပ်အထူးတပ်ဖွဲ့များ၏အကူအညီဖြင့် ဒေသတွင်းအာဏာပိုင်များက လှေများ နှင့်ရဟတ်ယာဉ်များဖြင့် ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here