စစ်တောင်းမြစ်ရေအပါအဝင် ပဲခူး ၊ သံလွင်နှင့် ဒုဌဝတီမြစ်‌ရေတို့ စိုးရိမ်ရေမှတ်ရောက်ရှိနေပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေဟု မိုး/ဇလသတိပေး

0
50

စစ်တောင်းမြစ်ရေ အပါအဝင် ပဲခူး၊ သံလွင်နှင့် ဒုဌဝတီမြစ်‌ရေ တို့သည် ယနေ့ စက်တင်ဘာ(၁၃)ရက် နံနက်ပိုင်းတိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အသီးသီးရောက်ရှိနေပြီး ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

မိုး/ဇလ၏ ယနေ့ (၇)နာရီခွဲ အချိန်တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒ ဿမ ၆၉ ပေ(၆၀၀ စင်တီမီတာ) အထက်သို့ (၃) ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း( ၂ )ပေခန့် ထပ်မံမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့အတူ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒဿမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ (၂)ပေခွဲကျော် သို့ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။

အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ် ၂၈ ဒ ဿမ ၈၇ ပေ (၈၈၀ စင်တီမီတာ)အထက်သို့ (၁) ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်သည်ဟု သတိပေးထားသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒဿမ ၆၁ ပေ (၇၅၀ စင်တီမီတာ)အထက်သို့(၅ ) ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း (၂) ပေခန့်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း အသိပေးထားသည်။

ယင်းအပြင် ဒုဌဝတီမြစ်ရေသည် ရွှေစာရံမြို့၏ စိုးရိမ်ရေမှ တ် ၃၄ ဒဿမ ၄၅ ပေ (၁၀၅၀ စင်တီမီတာ)အောက် (၄) ပေခွဲခန့် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်းဆိုသည်။

အလားတူ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒဿမ ၅၄ ပေ (၈၇၀ စင်တီမီတာ) အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြော င်းသတိပေးထားသည်။

ယင်းအတွက် အဆိုပါမြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန်နှိုးဆော်ထားသည်။

ယနေ့မြန်မာစံတော်ချိန် (၉)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခုအဖြစ်သို့ ရောက်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း သည်အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားကာ နောက် (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရသည်ဟု မိုး/ဇလက အသိပေးထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here