ရန်ကုန် – မန္တလေး အမြန်လမ်း ရေကျော်နေ၍ ယာဉ်အသွားအလာများ ယာယီရပ်နားထားရ

0
80

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အပိုင် ရန်ကုန် – မန္တလေး အမြန်လမ်းရှိ မိုင်တိုင်အမှတ် ၃၅၆ မှ စတင်၍ ရေများ ဝင်ရောက်လာသဖြင့် ကားအသွားအလာများ ယာယီရပ်ထားရကြောင်း ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။

“အခုတော့ ရေကတဖြည်းဖြည်းနဲ့ တတ်လာနေတယ်။ ကားတော့ ခဏရပ်ထားရတယ်။ အခြေအနေ စောင့်ကြည့်ရမှာပေါ့။ ရန်ကုန်ကို ပြန်ဆင်းတဲ့ကားတွေတော့ ပိတ်မိနေတာပေါ့” ဟု မန္တလေးမှ ရန်ကုန်သို့ဆင်းလာသည့် ခရီးသည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် တံတားဦးမြို့နယ်အပိုင်ရှိ ကျေးရွာများမှ ပြည်သူများလည်း ရေဝင်ရောက်လာပြီဖြစ်သည့်အတွက် ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်းလည်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၁၀) မြို့ထက်မနည်း ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံသိန်းနှင့်ချီကာ ရေဘေးသင့်နေကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မြို့ပေါင်း (၁၃) မြို့ထက်မနည်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၃၉၃၀၀၀) ခန့် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here