လယ်ဝေးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ (၁၀၀၀၀)ကျော်အား ရေဘေးရှောင်စခန်း (၁၀)ခု ဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ပေးထား

0
52

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေး ဝဲယာ ကျေးရွာ (၁၅) ရွာမှ ရေဘေးသင့်ပြည်သူ (၁၀၀၀၀)ကျော်အား ရေဘေးရှောင်စခန်း (၁၀)ခု ဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ပေးထားကြောင်း လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

စက်တင်ဘာ(၁၁)ရက် ညနှင့် (၁၂)ရက် နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်နေသည့် ပြည်သူများအား သွားရောက်ကယ်ဆယ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက လူအင်အား၊ စက်လှေများဖြင့် ရေဘေးရှောင်စခန်းများသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အတွက် ရေသန့်နှင့် ထမင်းထုပ်များ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကွမ်းခြံ၊ ရုံးပင်၊ ဗွက်ကြီးရိုး၊ ရေကာ၊ သဖန်းပင်၊ သစ်ကြိမ်း၊ ဗောဓိကုန်း၊ ကြိုတန်း၊ သစ်ခေါက်ခွ၊ ပေါက်မြိုင်၊ ဟေမာန်၊ ဘိုကိုးလုံး၊ ညောင်ပင်အိုင်၊ ရေနီလေး၊ လေးကသိန်းအစရှိသည့် ကျေးရွာများမှ အိမ်ထောင်စု (၂၄၈၄) စု၊ လူဦးရေ (၁၀၄၉၅) ဦးတို့အား ရေဘေးရှောင် စခန်း (၁၀) ခုတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း သိရသည်။

ပြည်‌ေထာင်စု နယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ရေများဝင်ရောက်လျက်ရှိပြီး နေရာဒေသအသီးသီးတွင် ပိတ်မိနေသည့် ဒေသခံများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here