ယာဂီကြောင့် ဗီယက်နမ်၌‌ေ-သဆုံးသူ ၂၂၆ ဦးအထိရှိလာပြီဖြစ်

0
85
Local residents are evacuated on a boat through flood waters in Hanoi on September 11, 2024, in the aftermath of Typhoon Yagi hitting northern Vietnam. - The Vietnamese capital Hanoi has seen its worst floods since 2008 according to state media. (Photo by NHAC NGUYEN / AFP)

ဟနွိုင်း၊စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံသို့ တိုက်ဖွန်းမုန်တိုင်းယာဂီဝင်ရောက်တိုက်ခတ်ပြီးနောက် ရေကြီးမြေပြိုကာ ‌ေ-သဆုံးသူအရေအတွက်လည်းမြင့်တက်လာပြီး ယခုအခါ ၂၂၆ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ယခုနှစ်အတွင်း အာရှသို့ဝင်ရောက်တိုက်ခတ်သည့်မုန်တိုင်းများအနက် အပြင်းဆုံးအဖြစ်သတ်မှတ်ခံထားရသည့် ယာဂီမုန်တိုင်းသည် ဗီယက်နမ်အပါအဝင် ဖိလစ်ပိုင်၊ထိုင်းနှင့်မြန်မာတို့အထိပါ အဖျားခတ်တိုက်ခတ်ခဲ့သည်။

လက်ရှိအချိန်အထိ လူအယောက် ၁၀၀ ကျော်ပျောက်ဆုံးနေသေးပြီး ၈၀၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။ယခုအချိန်အထိ ဟနွိုင်းအပါအဝင် အချို့ဒေသများတွင် ရေကြီးနေဆဲဖြစ်ပြီး နိုင်ငံမြောက်ပိုင်းတွင်လည်း မြေပြိုမှုများဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

အင်္ဂါနေ့ကဖြစ်ခဲ့သည့် ရေကြီးမှုတွင် ထပ်မံပျောက်ဆုံးသွားသည့် လူပေါင်း ၅၅ ဦးကို အချိန်မီ ရှာတွေ့နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အပူတပြင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗီယက်နမ်သတင်းအေဂျင်စီတစ်ခုကပြောကြားခဲ့ပြီး စစ်သားအယောက် ၃၀၀ နှင့် ဒေသတွင်းအာဏာပိုင် ၃၅၉ ဦးတို့ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ဟုလည်းသိရသည်။

မြေပြိုမှုများနှင့်ရေကြီးမှုများကြောင့် ဗီယက်နမ်မြောက်ပိုင်းတစ်ခွင်ရှိ စပါးနှင့်သီးနှံစိုက်ခင်း ဟက်တာ ၂၀၀,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့သည်ဟုလည်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အထောက်အပံ့ပစ္စည်းများလည်း ဗီယက်နမ်သို့ ပို့ဆောင်ကူညီလျက်ရှိပြီး ဩစတြေးလျ၊ဂျပန်၊တောင်ကိုရီးယားနှင့် အမေရိကတို့က အဓိကထောက်ပံ့ပေးနေကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here