အောက်တိုဘာ၌ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသမ္မတရှီတက်မည်

0
46
China's President Xi Jinping looks on as he stands with leaders from African countries for a group photo before the opening ceremony of the Forum on China-Africa Cooperation (FOCAC) at the Great Hall of the People in Beijing on September 5, 2024. (Photo by Adek BERRY and ADEK BERRY / POOL / AFP)

ပေကျင်း၊စက်တင်ဘာ ၁၂

အောက်တိုဘာလ၌ ရုရှားနိုင်ငံတွင်ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကြေငြာခဲ့သည်။

ရုရှားသည် ပေကျင်းနှင့် ပိုမိုနီးစပ်သောစီးပွားရေးမဟာမိတ်များဖြစ်လာပြီး ၎င်း၏ဩဇာချဲ့နိုင်ရန်အခွင့်အလမ်းအဖြစ်မျှော်လင့်ထားသည့် ထွန်းသစ်စစီးပွားရေးနိုင်ငံများထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကာဇန်မြို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

“သမ္မတရှီက သမ္မတပူတင်ရဲ့ ဖိတ်ကြားချက်ကိုလက်ခံရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်၊စီစဉ်ထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ရက်မှာ ကာဇန်ကို သမ္မတရှီရောက်ပါလိမ့်မယ်” ဟုလည်း မစ္စတာဝမ်ယိက ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်အကြီးအကဲနှစ်ဦးအနေဖြင့် အခြားသော မဟာဗျူဟာမြောက် ကိစ္စများ ကို ဆွေးနွေးမည်ဖြစ်ကြောင်းဆိုခဲ့ပြီး နှစ်နိုင်ငံကြားရှိ ခိုင်မာသောအပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကိုလည်း ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။

သမ္မတပူတင်သည် ယူကရိန်းသို့ထိုးစစ်ဆင်မှုကြောင့် ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများနှင့်ရင်ဆိုင်နေရချိန်တွင် ပေကျင်းကို အဓိကစီးပွားရေးကုန်သွယ်ဖက်အဖြစ်ရှုမြင်ကာ ကုန်သွယ်မှုပြုလုပ် နေပြီး အောင်မြင်မှုများလည်းရရှိခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်နှင့်တွေ့ဆုံစဉ်ကလည်း နှစ်နိုင်ငံစီးပွားရေး နှင့် ကုန်သွယ်မှု ကိစ္စ ရပ်များသည် ရလဒ်ကောင်းများရှိခဲ့ကြောင်း သမ္မတပူတင်ကပြောကြားခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here