ရေဘေးသင့်ဒေသများမှ MPT သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် ၇၀၀ နှင့် စာတို (SMS) ၇၀၀ အခမဲ့ပေးထား

0
103

ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် ၇၀၀ နှင့် စာတို (SMS) ၇၀၀ ကို MPT က ပေးအပ်ထားကြောင်း သိရသည်။

စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ စက်တင်ဘာလ (၁၀) ရက်မှ စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှုအချို့ အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းတွင် MPT မှ ဝန်ဆောင်မှုများအား နဂိုအတိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းတွင်ပင် MPT ၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုတစ်ရပ်အနေဖြင့် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၇၀၀ ကို ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုများကို (၇)ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here