ဂါဇာအပစ်ရပ်ရေး ဟားမတ်စ်ကိုသာဖိအားပေးသင့်–နေတန်ယာဟု

0
97
People inspect damage to buildings along a street after an Israeli army raid at the Nur Shams camp for Palestinian refugees, near Tulkarem in the north of the occupied West Bank, on September 12, 2024. (Photo by Zain JAAFAR / AFP)

ဂျေရုဆလင်၊စက်တင်ဘာ ၁၃

ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် ဟားမတ်စ်ဘက်ကိုသာ ကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုမိုဖိအားပေးသင့်သည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၁၂ ရက်နေ့ကပြောကြားခဲ့သော်လည်း ဟားမတ်စ်ကမူ ထပ်ဖြည့်ထားသည့်အကြောင်းအရာအသစ်များမပါသော အပစ်အခတ်ရပ်စဲရေးကိုသာလက်ခံမည်ဟုဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဟားမတ်စ်ညှိနှိုင်းရေးအဖွဲ့များသည် အီဂျစ်နှင့်ကာတာတို့က ကြားဝင်စေ့စပ်ပေးသည့်ကိုယ်စားလှယ်များနှင့် ဒိုဟာ၌တွေ့ဆုံခဲ့ကြပြီး ၎င်းတို့အနေဖြင့် အသစ်ပြင်ဆင်ဖြည့်စွက်ထားခြင်းမရှိသည့် အမေရိက၏ မူလအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကိုသာ ခြွင်းချက်မရှိလက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“အစ္စရေးက လက်ခံထားတဲ့ အဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့က ဆက်ပြီးတော့ ဆန့်ကျင်နေတယ်ဆိုတာကို ဖုံးကွယ်ဖို့ကြိုးစားနေတာပါ၊နောက်ဆုံးတင်သွင်းထားတဲ့ အဆိုပြုချက်ကိုလက်မခံတဲ့အပြင် ဓ-ါးစာခံခြောက်ဦးကိုတောင် သွေးအေးအေးနဲ့သ—တ်ခဲ့သေးတာမို့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဓ-ါးစာခံတွေပြန်လွှတ်ပေးဖို့သာ တောင်းဆိုရမှာပါ” ဟုလည်းပြောကြားခဲ့သည်။

သို့သော် ၎င်းတို့နှစ်ဖက်စလုံးသည် ၁၁ လတာကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်ပွဲအတွက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံရန်ခေါင်းမာနေကြပြီး တစ်ဖက်နှင့်တစ်ဖက်အပြစ်သာ ဖို့နေကြခြင်းဖြစ်သည်။

အစ္စရေး – ဟားမတ်စ်အရေးသည် ယမန်နှစ်အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့က အစ္စရေးသို့စတင်တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံသား ၁,၂၀၀ ‌ေ-သဆုံးကာ ၂၅၀ ဦးဓ-ါးစာခံအဖြစ်ဖမ်းခေါ်သွားခြင်းခံခဲ့ရသည်။

ယင်းဖြစ်ရပ်အတွက် အစ္စရေး၏လက်တုန့်ပြန်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဒေသခံများ‌ေ-သဆုံးနှုန်းသည် ၄၁,၀၀၀ ထက်မနည်းရှိနေပြီဖြစ်ကာ ဂါဇာကမ်းမြောင်ဒေသသည် အဆိုးရွားဆုံးအခြေအနေသို့လည်းရောက်ရှိနေပြီဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here