ရုရှားလေယာဉ်များ နိုင်ငံအနီးပျံဝဲလာ၍ ဂျပန်လေတပ်‌က အရေးပေါ်ပျံသန်းရ

0
100

တိုကျို၊စက်တင်ဘာ ၁၃

ရုရှားလေယာဉ်များသည် ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ကျွန်းစုတဝိုက်တွင် ပျံသန်းခဲ့သဖြင့် ဂျပန်လေတပ်မှတိုက်လေယာဉ်များ သည် အရေးပေါ်ပျံတက်ခဲ့ရကြောင်း တိုကျိုကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

ကြာသပတေးနေ့နံနက်ပိုင်းမှမွန်းလွဲပိုင်းအထိ ရုရှား Tu-142 လေယာဉ်သည် ဂျပန်နှင့်တောင်ကိုရီးယားကြားပင်လယ်ပြင်မှ တောင်ပိုင်းအိုကီနာဝါဒေသသို့ ဦးတည်ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းနောက်အဆိုပါရုရှားလေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ မြောက်ဘက်သို့ ဆက်လက်ပျံသန်းသွားပြီး ဟော့ကိုင်းဒိုးကျွန်း၏ကမ်းလွန်ပင်လယ်ပြင်သို့ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်။

အဆိုပါလေယာဉ်များသည် ဂျပန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိသော်လည်း ဂျပန်နှင့်ရုရှားတို့ကြားရှိ နယ်မြေအငြင်းပွားမှုဖြစ်နေသည့် ဧရိယာကို ဖြတ်ကျော်ပျံသန်းခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

အဆိုပါအပြုအမူအား တုန့်ပြန်သည့်အ‌နေဖြင့် ဂျပန်လေတပ်သည် အရေးပေါ်အခြေအနေအတွက်တိုက်လေယာဉ်များကို ပျံတက်သတိပေးခဲ့သည်ဟုလည်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုပျံသန်းမှုသည် ရုရှားကဦးဆောင်ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here