ရေဘေးသင့်သူများထံ အကူအညီများ အမြန်ရောက်ရှိရေး ပေတုံတန်အမိန့်ပေး

0
99
This handout photo taken and released by the Royal Thai Government on September 13, 2024, shows Thailand's Prime Minister Paetongtarn Shinawatra (C), known by her nickname "Ung Ing" and daughter of former prime minister Thaksin Shinawatra, inspecting flood damage in Mae Sai along the border with Myanmar in the northern Thai province of Chiang Rai. - Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Handout / ROYAL THAI GOVERNMENT / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / ROYAL THAI GOVERNMENT" - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS -

ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ရှိ ပြင်းထန်သော ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် ပြည်သူများကို အကူအညီများကို အမြန်ဆုံး ပေးပို့ရန် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက တာဝန်ရှိသူများကို သောကြာနေ့တွင် အမိန့်ပေးခဲ့သည်။ ရေကြီးရေလျှံနေသော မြောက်ပိုင်းပြည်နယ်တွင် ရေစီးသန်သော ရေပြင်အခြေအနေများသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အခက်အခဲများ ကိုဖြစ်စေလျက်ရှိသည်။

“နေအိမ်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေဆီကို အစားအစာနဲ့ သောက်သုံးရေတွေ အမြန်ပေးပို့ဖို့ လိုပါတယ်” ဟု မယ်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုအပြီး မစ္စပေတုံတန်က ပြောဆိုခဲ့ပြီး ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူအားလုံး၏ လုံခြုံဘေးကင်းစေရေးသည်လည်း အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုသည်။

အစိုးရက ရေဘေးသင့်ပြည်သူများကို ကူညီရန် ဗဟိုဘတ်ဂျက်ကို ချထားပေးခဲ့ပြီး အခြေအနေများ တိုးတက်ကောင်းမွန်လာချိန်ကို မစောင့်ဘဲ ချက်ချင်း အကူအညီများပေးအပ်နိုင်ရန် ခွင့်ပြုပေးနေကြောင်း သူက ဆက်လက် ပြောဆိုခဲ့သည်။

မယ်ဆိုင်သည် ရေဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသည် ခရိုင်များတွင် ပါဝင်ပြီး Sai မြစ်ရေ အလျင်အမြန်မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိစပ်နေသည့် မယ်ဆိုင်၏ အချို့ဧရိယာများသည် အဆက်အသွယ်များပြတ်တောက်နေဆဲဖြစ်ကာ ဒေသခံများထံသို့ ဂျက်စကီများဖြင့်သာ အကူ အညီပစ္စည်းများ ပေးပို့နိုင်သည့် အနေအထားဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ကြာသပတေးနေ့က ချင်းရိုင်တွင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရသည်အထိ ဖြစ်ခဲ့ပြီး သောကြာနေ့တွင်မှု ခရီးစဉ်များ ပြန်လည်စတင်နေကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

This handout photo taken and released by the Royal Thai Government on September 13, 2024, shows Thailand’s Prime Minister Paetongtarn Shinawatra (3rd R), known by her nickname “Ung Ing” and daughter of former prime minister Thaksin Shinawatra, inspecting flood damage in Mae Sai along the border with Myanmar in the northern Thai province of Chiang Rai. – Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Handout / ROYAL THAI GOVERNMENT / AFP) / —–EDITORS NOTE — RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / ROYAL THAI GOVERNMENT” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS –

LEAVE A REPLY

Please enter your comment!
Please enter your name here