ယူကရိန်းနှင့်ဂါဇာပဋိပက္ခ ညှိနှိုင်းဆွေးနွေးရန် တရုတ်ကာကွယ်ရေးဝန်ကြီးတောင်းဆို

0
55
China’s Defence Minister Dong Jun delivers a speech during the opening ceremony of the 11th Xiangshan Forum at the Beijing International Convention Center on September 13, 2024. (Photo by ADEK BERRY / AFP)

ပေကျင်း၊စက်တင်ဘာ ၁၃

တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး မစ္စတာဒွန်ဂျန်က ပေကျင်း၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ စစ်ဘက်အရာရှိများအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ဂါဇာနှင့်ယူကရိန်းစစ်ပွဲကဲ့သို့သော ပဋိပက္ခများအတွက် တစ်ခုတည်းသောအဖြေမှာ “စေ့စပ်ညှိနှိုင်းခြင်း” သာဖြစ်သည်ဟုပြောကြားခဲ့သည်။

“လတ်တလော ကမ္ဘာ့နိုင်ငံတွေအကြား ရေပန်းအစားဆုံးပြဿနာဖြစ်နေတဲ့ ယူကရိန်းနဲ့ပါလက်စတိုင်းကိစ္စတွေအတွက် ပြေလည်အောင်ဖြေရှင်းနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းက ငြိမ်းချမ်းရေးနဲ့စေ့စပ်ညှိနှိုင်းရေးကို ပိုပြီးလုပ်တာပါပဲ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင်၎င်းက ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးကိုမြှင့်တင်ရန်လည်း နိုင်ငံတိုင်းကိုတောင်းဆိုခဲ့သည်ဟုသိရသည်။

စင်ကာပူ၏နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှန်ဂရီလာအစည်းအဝေးနှင့်သ‌ဘောတရားတူအမည်ပေးထားသည့် Xiangshan ဖိုရမ်အတွက် ကိုယ်စားလှယ်အများအပြားသည် တရုတ်မြို့တော်၏ပေကျင်း၌ သောကြာနေ့ကတည်းကရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဖိုရမ်သို့နိုင်ငံပေါင်း ၉၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀ ကျော်အား သုံးရက်အတွင်း လက်ခံကျင်းပရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့တွင် ကျင်းပမည်ဖြစ်ပြီး ရုရှား၊ပါကစ္စတန်၊စင်္ကာပူ၊အီရန်၊ ဂျာမနီနှင့် အခြားနိုင်ငံများမှ စစ်ဘက်ဆိုင်ရာ ထိပ်တန်းကိုယ်စားလှယ်များလည်းပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

ဆွေးနွေးမည့်ခေါင်းစဉ်များတွင် အမေရိကန်-တရုတ် ဆက်ဆံရေး၊ဥရောပနှင့် အာရှရှိလုံခြုံရေးနှင့် ကမ္ဘာပေါ်ရှိ ဘက်စုံကာကွယ်ရေးဆိုင်ရာစိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်စီ(အင်န်အိတ်ခ်ျ)


LEAVE A REPLY

Please enter your comment!
Please enter your name here