ရုရှားလုံခြုံရေးအကြီးအကဲ ကင်မ်ဂျုံအမ်းနှင့်တွေ့ဆုံ

0
102
This photo taken on September 13, 2024 and released from North Korea's official Korean Central News Agency (KCNA) via KNS on September 14, 2024 shows North Korea's leader Kim Jong Un (R) meeting with Russia's Security Council Secretary Sergei Shoigu at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

မော်စကို၊စက်တင်ဘာ ၁၃

ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ ဆာဂေးရှိုက်ဂူသည် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့် တွေ့ဆုံခဲ့ကြောင်းမော်စကိုကပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် မော်စကိုနှင့်ပြုံယမ်းတို့အကြား ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုလာရောက်မှုသည် ရုရှားအနေဖြင့် ယူကရိန်းသို့ လ ၃၀ ကျော်ကြာထိုးစစ်များ ကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် မော်စကိုဘက်မှလက်နက်ခဲယမ်းများရှာဖွေနေချိန်နှင့် အနောက်အုပ်စုကလည်း ပြုံယမ်းကမော်စကိုအား လက်နက်များထောက်ပံ့နေသည်ဟူသော စွပ်စွဲချက်များထွက်ပေါ်နေချိန်တွင်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

သမ္မတဗလာဒီမာပူတင်သည်လည်း ပြီးခဲ့သည့်ဇွန်လက မြောက်ကိုရီးယားသို့သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး ယခုတစ်ကြိမ် မစ္စတာရှိုက်ဂူ၏ခရီးစဉ်သည် အဆိုပါကာကွယ်ရေးသဘောတူညီချက်ကိုအကောင်အထည်ဖော်ရာ၌ အထောက်အကူတစ်ခုဖြစ်စေမည်ဟုလည်းဆိုသည်။

အနောက်နိုင်ငံများနှင့်တောင်ကိုရီးယားတို့ကမူ ရုရှား – မြောက်ကိုရီးယားသဘောတူညီချက်ကို ရှုံ့ချခဲ့ကြပြီး ယူကရိန်းကလည်း စစ်မြေပြင်၌ မြောက်ကိုရီးယားကျည်များကိုတွေ့ရှိခဲ့ရသည်ဟုပြောကြားခဲ့သည်။ ရုရှားနှင့်မြောက်ကိုရီးယားတို့သည် ကမ္ဘာ့နိုင်ငံအသီးသီး၏ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အများဆုံးခံထားရသော နှစ်နိုင်ငံလည်းဖြစ်သည်။

မော်စကိုနှင့်ပြုံယမ်းတို့သည် ဆိုဗီယက်ယူနီယံက ပြုံယမ်းနှင့် ဆက်ဆံရေး ကို စတင်ထူထောင်ချိန်ကတည်းက ကူညီပေးဖူးသည့်သမိုင်းဝင်ဆက်ဆံရေးလည်းရှိခဲ့သကဲ့သို့ ၂၀၂၂ ခုနှစ် ၌ရုရှားက ယူကရိန်းသို့ထိုးစစ်ဆင်ပြီးနောက်ပိုင်းတွင် ပိုမိုနွေးထွေးသောဆက်ဆံရေးရှိလာခဲ့သည်။

Source : အေအက်ဖ်ပီ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here