ယူကရိန်းသည် ရုရှားနှင့်သုံ့ပန်းလဲလှယ်မှုတွင်လူပေါင်း ၄၉ ဦးအား ပြန်ရမည်

0
80
Ukrainian Marines and servicemen hold the flags of their brigade and the Ukrainian national one after being released from Russian captivity at an undisclosed location near the Ukrainian-Belarusian border, on September 13, 2024, amid the Russian invasion in Ukraine. - 49 Ukrainian prisoners of war had been returned to their country from Russia on September 13, 2024, with photographs of the men and women wrapped in Ukrainian flags published. (Photo by Anatolii STEPANOV / AFP)

ကိဗ်၊စက်တင်ဘာ ၁၃

မော်စကိုနှင့်နောက်ဆုံးသဘောတူထားသည့် သုံ့ပန်းလဲလှယ်ရေး အစီအစဉ်တွင် ရုရှားတို့၏ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မိမိတို့၏အကျဉ်းသား ၄၉ ဦးကိုပြန်လည်ရရှိမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇလန်းစကီးကအတည်ပြုပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက ထိုးစစ်ဆင်ပြီးကတည်းက နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်ရေးသဘောတူညီချက်ကို အာရပ်ပြည်ထောင်စု (ယူအေအီး) ကကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“တပ်မတော်သားမှမဟုတ်ပါဘူး ကျွန်တော်တို့နိုင်ငံသား ဘယ်သူဖြစ်ဖြစ် အမိမြေကိုပြန်ရောက်ဖို့ ကျွန်တော်တို့အမြဲတမ်းကြိုးစားရုန်းကန်နေတာပါ” ဟုလည်း ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

ယခုတစ်ကြိမ်အကျဉ်းသားလဲလှယ်မှု၌ အရပ်သားခုနစ်ဦး၊လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ နိုင်ငံတော်အစောင့်တပ်၊ရဲတပ်ဖွဲ့နှင့်နယ်ခြားစောင့်တပ်မှဝန်ထမ်းများပါဝင်ကြောင်း ဇလန်းစကီး၏ စစ်ဦးစီးအရာရှိချုပ်ကပြောကြားခဲ့သည်။

သို့သော် ရုရှားနိုင်ငံသားမည်မျှကို ယူကရိန်းဘက်ကပြန်လွှတ်ပေးခဲ့သည်ကို ယူကရိန်းဘက်မှထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ ကိဗ်နှင့်မော်စကိုတို့သည် ရုရှား၏ယူကရိန်းသို့ ကျူးကျော်ပြီးနောက်ပိုင်းတွင် မကြာခဏဆိုသလို သုံ့ပန်းလဲလှယ်မှုများလည်းပြုလုပ်လာကြသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here