ထိုင်ဝမ်ရေလက်ကြားကို ဂျာမန်ရေတပ်စစ်သင်္ဘောနှစ်စင်းဖြတ်သန်း

0
87

ဘာလင်–ဂျာမန်ရေတပ်စစ်သင်္ဘောနှစ်စင်းသည် အတိမ်အစောင်း မခံသော၊ ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားကို ပြီးခဲ့သည့်သောကြာနေ့ကဖြတ်သန်းခဲ့ကြောင်းသိရပြီး အဆိုပါအပြုအမူကို တရုတ်နိုင်ငံက ကန့်ကွက်နိုင်သည်ဟု မျှော်လင့်ထားကြောင်းသိရသည်။

Baden – Wuerttemberg အမည်ရှိ ဂျာမန် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနှင့် ထောက်ပံ့ရေးသင်္ဘော Frankfurt am Main တို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါအချက်အား အတည်ပြုပြောကြားခဲ့ပြီး ယခုဖြတ်သန်းမှုသည် မည်သူ့ကိုမျှထိခိုက်စေလိုခြင်းမရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် နိုင်ငံတကာရေကြောင်းသွားလာရေးကိုသာ အလေးထားဆောင်ရွက်သည့်အနေဖြင့် ဖြတ်သန်းသွားလာခြင်းမျိုးသာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှို့ဖ်ကမူ ယခုဖြတ်သန်းသွားလာမှုကို ပုံကြီးချဲ့နေစရာမလိုကြောင်းနှင့် နိုင်ငံတကာရေပိုင်နက်ထဲ ၌ စည်းကမ်းနှင့်အညီသွားလာခြင်းသာဖြစ်လို့ ရှည်ရှည်ဝေးဝေးရှင်းပြနေစရာမလိုဟုလည်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

ဂျာမန်ရေတပ်စစ်သင်္ဘောတစ်စင်းနှင့်ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကာ မြောက်ဘက်မှတောင်ဘက်သို့ ခုတ်မောင်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး ၎င်းတို့ဘက်မှ အခြေနေကိုစောင့်ကြည့်လုံခြုံရေးယူပေးခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here