တာဝေးပစ်ဒုံးကျည်ကိစ္စ ပူတင်သတိပေး၍ဗြိတိန်နှင့်ကန်တို့တွေ့ဆုံဆွေးနွေး

0
111
US President Joe Biden (L) and British Prime Minister Keir Starmer (R) participate in a bilateral meeting in the Blue Room of the White House in Washington, DC, on September 13, 2024. (Photo by SAUL LOEB / AFP)

ဝါရှင်တန်၊စက်တင်ဘာ ၁၄

မော်စကိုနှင့်အနောက်အုပ်စုအကြားတင်းမာမှုမြင့်လာစေနိုင်သည့် ယူကရိန်းသို့တာဝေးပစ်ဒုံးကျည်ထောက်ပံ့မှုနှင့် ရုရှားပိုင်နက်ထဲအထိ ၎င်းတိုကို အသုံးပြုခွင့်မပြုသည့် ကိစ္စ ကို ဖြေလျှော့ရေး ဆွေးနွေးရန် အမေရိကန်သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ယူကရိန်းဘက်ကလည်း လက်နက်အသုံးပြုခွင့်ဆိုင်ရာ တားမြစ်ချက်များကို ဖြေလျှော့ပေးရန်နှင့် အစ္စရေးကို အမေရိကထောက်ပံ့ထားသလိုပင် လွတ်လပ်စွာအသုံးပြုခွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုလျက်ရှိသည်။

သို့သော် အဆိုပါကိစ္စများနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်ကလည်းသတိပေးစကားပြောကြားခဲ့ပြီး လက်နက်အသုံးမပြုရေး ကန့်သတ်ချက်ကိုဖြေလျှော့ပေးလိုက်ပါက နေတိုးအဖွဲ့သည် ရုရှားနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်းမျိုးပင်ဖြစ်မည်ဟုသတိပေးခဲ့သည်။

အဆိုပါသတိပေးချက်၏နောက်ဆက်တွဲအနေဖြင့် ရုရှားက လန်ဒန်အတွက်သူလျှိုလုပ်သည်ဟုဆိုကာ ဗြိတိန်သံတမန်ခြောက်ဦး၏ သံတမန်ခန့်အပ်လွှာများကို ရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here