တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှု လူဦးရေ သိန်းနှင့်ချီ၍ ရေဘေးသင့်နေပြီး၊ စားသောက်ရေးအတွက်အခက်အခဲများ လိုအပ်နေဟုဆို

0
43

တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှု လူဦးရေ သိန်းနှင့်ချီ၍ ရေဘေးသင့်နေပြီး၊ စားသောက်ရေးအတွက်အခက်အခဲများ လိုအပ်နေသည်ဟု မြေပြင်တွင် ကိုယ်တိုင် ကူညီဆောင်ရွက်ပေးနေသူ ဆရာတော်တစ်ပါးက ပေါ်ပြူလာနယူးစ်ကို မိန့်သည်။

ယနေ့ စက်တင်ဘာ(၁၄)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်အထိ ရေဆက်လက်မြင့်တက်နေသည်ဟုသိရပြီး၊ ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်အထိ စိုးရိမ်ရေမှတ်အထက် (၈၀၅)စင်တီမီတာအထိရှိနေကြောင်း မိုး/ဇလက အသိပေးထားသည်။

“မြေပြင်အခြေအနေက ရေဘေးရှောင် သိန်းဂဏန်းကပ်သွားပြီ။ ရေဘေးက တောင်ငူတစ်ခရိုင်လုံး တစ်ပတ်ချာကြီး။ အ‌ေ-သအပျောက်တွေ မရှိသေးဘူး။မကြားသေးဘူး။ရေကတော့ တက်နေတုန်းဘဲ။စားရေးသောက်ရေးတွေလည်း လိုအပ်တာပေါ့”ဟု ရှင်းပြသည်။

စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် တောင်ငူ ခရိုင်အတွင်းရှိ ကျေးရွာများအားလုံးတွင် ယမန်နေ့ စက်တင်ဘာ (၁၃)ရက်နေ့မှစ၍ ရေကြီးရေလျှံဖြစ်ပွားနေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here