ကျိုက်ထိုမြို့နယ်တွင် ရေပြန်ကျသွား၍ ရေဘေးသင့်သူများနေအိမ်သို့ပြန်

0
49

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသူများသည် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်က ရေပြန်ကျသွားသဖြင့် နေအိမ်များသို့ပြန်လည်ပြောင်းရွှေ့ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်ခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုဖွင့်လှစ်၍ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းပေးခဲ့ရာမှ ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နံနက်ပိုင်းမှစတင်၍ ရေများပြန်လည်ကျဆင်းသွားသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ(၅၃၉)ဦးသည် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ကြကြောင်း သိရသည်။

နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားသည့် ရေဘေးသင့်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here