အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု၌ မိုးသည်းထန်စွာရွာသွန်းမည်

0
121

အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ညမှစတင်၍ မနက်ဖြန် စက်တင်ဘာ ၁၅ ရက်အထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးခဲ့သည်။

မိုးဇလမှ ယနေ့ စက်တင်ဘာ ၁၄ ရက်ည ၇ နာရီက အားကောင်းသောမုန်တိုင်းငယ်သတင်း အ မှတ်စဉ်(၀၅/၂၀၂၄)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အားကောင်းသောမုန်တိုင်းငယ်သည် လာမည့် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သော်လည်း ယင်းအရှိန်ကြောင့် ရန်ကုန် တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုး သည်းထန်စွာရွာသွန်းမည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိရောက်ရှိနိုင်သည့် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိရှိသော လေပြင်းများတိုက်ခတ်နိုင်သည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန်လည်း မိုးဇလက အသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here