ရေကြီးရေလျှံခြင်းများအား အကြောင်းပြကာ အတုအယောင်အလှူခံခြင်းများရှိနေသဖြင့် သတိထား လှူဒါန်းကြရန် လိုအပ်ဟု ဆို

0
73

နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော ရေကြီးရေလျှံခြင်းများအပြင် နောက်ဆက်တွဲဖြစ်ပွားလာသော သဘာဝဘေးအန္တရာယ်များကို အကြောင်းပြ၍ အတုအယောင်အလှူခံခြင်းများရှိလာသဖြင့် သတိထား လှူဒါန်းကြရန် လိုအပ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသော လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီနေသည့် ဓာတ်ပုံများကို အသုံးချကာ လူမှုကွန်ရက်စာဖေ့ဘွတ်စ်စာမျက်နှာအတုများဖွင့်လှစ်၍ အလှူခံနေသည်များရှိနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မော်လမြိုင်အခြေ
စိုက်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်မန္တလေးတိုင်း အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အမည်နှင့် ဓာတ်ပုံများကို အသုံးပြုကာ လိ-မ်ညာအလှူခံသည်များရှိနေကြောင်း သိရသည်။

ယင်းအတွက် ဖမ်းဆီးရမိပါက တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်ဟု မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

၎င်းက ” လှူမယ်ဆိုရင် အနည်းဆုံး ဗိုက်ဗာ(Viber)ကနေခေါ်သင့်တယ်။ လူမှုကယ်ဆယ်အဖွဲ့တွေကိုလှူမယ်ဆို ဗိုက်ဗာလေးခေါ်ပြီး စနစ်တကျလှူဒါန်းပေးဖို့ပေါ့။ အကောင်းဆုံးကတော့ ဗီဒီယိုကောခေါ်ပြီး လှူဒါန်းသင့်တယ်။ နောက်တန်းတွေမှာကျန်ခဲ့တဲ့အသင်းအဖွဲ့ရုံးတွေကိုလည်း သွားပြီး လှူဒါန်းသင့်တယ်။ ပြီးတွေ အကောင့်တွေမှာ ပုံတွေယူသုံးပြီးတော့ဘာလှူမယ် ညာလှူမယ်ဆိုပြီး လုပ်တဲ့သူတွေလည်း ရှိတယ်ခင်ဗျ။ သတိထားကြဖို့ပါ” ဟု ၎င်းကရှင်းပြသည်။

လတ်တလော မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ၏ အမည်ကို အသုံးပြု၍ ငွေကြေးလိ-မ်လည်ထားသူ အမျိုးသားတစ်ဦးရှိနေပြီး၊ ၎င်းအား တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here