တရုတ်-မြန်မာဆက်ဆံရေးကိုသွေးခွဲလိုသော ပြောဆိုလုပ်ဆောင်မှုများကိုဆန့်ကျင်ဟု တရုတ်သံရုံးပြောခွင့်ရပုဂ္ဂိုလ်ပြော

0
89

တရုတ်-မြန်မာဆက်ဆံရေးကိုသွေးခွဲလိုသော ပြောဆိုလုပ်ဆောင်မှုများကိုဆန့်ကျင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားမှုကို တရုတ်သံရုံးမှ ယမန်နေ့ စက်တင်ဘာ ၁၄ ရက်ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု တချို့ မီဒီယာများနှင့် လူပုဂ္ဂိုလ်များက ပြစ်တင်ပြောဆိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာချစ် ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာ ဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ် မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် ခိုင်မာစွာထောက်ခံအား ပေးသည်ဟု ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ပြည်တွင်းရေးအားဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထား၍ မြန်မာပြည်သူကပိုင်ဆိုင်ကာ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပြီး မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုတို့ကိုဆန့်ကျင်သည်ဟု ပြောသည်။

ထို့ကြောင့် ပြည်ပအင်အားစုက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင်ဝင်ရောက်စွက်ဖက်မှု၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်သည်ဟုလည်း ပြောသည်။

ထို့အတူ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကာ မြန်မာနိုင်ငံ၌ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင်စွာအပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ်အရှိန်လျော့လာရေးအား ဖော်ဆောင် သွားရန်မျှော်လင့်သဖြင့် တရုတ်နိုင်ငံမှ အပြုသ ဘောဆောင်သည့်အခန်းကဏ္ဍက ပါဝင်သွားရန်ဆန္ဒရှိသည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here