မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် ပုဂံဘုရားများကို ရှေးမူလက်ရာအတိုင်းသာ ပြုပြင်မည်

0
51

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်အတွင်းရှိ ရှေးဟောင်းဘုရားကိုးဆူသည် စက်တင်ဘာ (၁၂ )ရက်က စတင်ကာ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပြိုကျမှု ဖြစ်ပွားခဲ့သည်။

ပြိုကျခဲ့သည့် ဘုရားများသည် (၁)ဘုရားအမှတ်-၁၊ ဘုရားအမှတ် ၁၅၉၇ သဗ္ဗညုဘုရား ၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တော င်အစု) ၊ဘုရားအမှတ်၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် ၊ ဆင်ဖြူရှင်ရေ ကန် ၊ဘုရားအမှတ် ၇၁၁ လက်ပွတ်ကန်ဘုရားနှင့် ဘုရားအမှတ်-၃၄၅ ဘုရား တို့ ဖြစ်ကြသည်။

ယင်းဘုရားများကို ရှေးမူလက်ရာမပျက်ကာ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြောသည်။

ထိုကဲ့သို့ ပြုပြင်ရာတွင် ဘိလပ်မြေလုံးဝမသုံးဘဲ ရှေးမူလက်ရာအတိုင်း သရိုးကိုင်ခြင်း၊ ပြုပြင်ရေးစံချိန် စံညွှန်းနှင့် အညီပြုပြင်ခြင်း၊ထိခိုက်ပျက်စီးမှုအနည်းအများအပေါ်မူတည်ပြီးအချိန်ယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားမည်ဟုလည်းပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ရှင်းပြသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းအဆောက်အအုံများကို မိုးရေကြောင့်ထပ်မံမထိခိုက်အောင်ဆောင်ရွက်နေကာ မိုးရေဓာတ်ခမ်းသည် အထိစောင့်ဆိုင်းခြင်း၊ ပြုပြင်ရန်အတွက် နေရာရှင်းလင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here