“အငြိမ်းစားမိသားစုရဲ့အလှူငွေပါကွယ်”ဟုဆိုကာ သမ္မတ (ငြိမ်း)ဦးသိန်းစိန်မှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း(၃၀)လှူဒါန်းခဲ့

0
105

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် + ဒေါ်ခင်ခင်ဝင်း သားသမီးမြေးတစ်စုမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း(၃၀)ကိုလှူဒါန်းပေးခဲ့ကြောင်း ရွှေပြည်တော်သို့ဆုံမှတ်
ပရဟိတအသင်းအတွင်းရေးမှူးဦးအောင်ပိုင်
မင်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ရေးသားထားသည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်မှ ရေဘေးသင့်ပြည်သူ များအတွက် အလှူငွေကျပ်သိန်း(၃၀)လှူဒါန်းချိန်၌ “အငြိမ်းစားမိသားစုရဲ့ အလှူငွေပါကွယ်”ဟု ပြောဆိုခဲ့ကြောင်းလည်း အတွင်းရေးမှူးဦးအောင်ပိုင်မင်းက ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် အလှူငွေနှင့်အတူ ဝါးလားလား ဆီချက်ခေါက်ဆွဲ(၂) ဖာနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပရဟိတအသင်းသားများ သောက်သုံးရန် ကော်ဖီမစ်ထုတ်များကိုလည်းပေးလှူခဲ့ကြောင်း အတွင်းရေးမှူးဦးအောင်ပိုင်မင်းက ရေးသားဖော်ပြခဲ့သည်။

ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း၏ အ တွင်းရေးမှူးဦးအောင်ပိုင်မင်းသည် မကြာမီရက်ပိုင်းအတွင်းက နေပြည်တော်အတွင်း၌ ရေဘေးကယ်ဆယ်ရေးပြုလုပ်နေစဥ် ရေစီးနှင့်အတူမျောပါသွားခဲ့ပြီးနောက် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ဖြင့် ဘေးကင်းစွာပြန်လည်တွေ့ရှိခဲ့ရပြီး ပရဟိတလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here