ရေဘေးကြောင့် ‌ေ-သဆုံးဒဏ်ရာရသူများ၊ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူ ထောက်ပံ့ပေးသွားမည် ဟုဆို

0
49

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးနောက်ဆက်တွဲလုပ်ငန်းများအဖြစ် ‌ေ-သဆုံးဒဏ်ရာရသူများနှင့် အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ဆုံးရှုံးမှုရာခိုင်နှုန်းအပေါ်မူတည်ကာ သတ်မှတ်နှုန်းထားများအတိုင်း ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရေကြီးရေလျှံမှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းက “လတ်တလောမှာတော့ ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းမှာနေထိုင်စဉ်မှာ စားသောက်မှုအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ထို့အပြင် နစက ဥက္ကဋ္ဌ၊ နစက ဒုဥက္ကဋ္ဌ နှင့် သက်ဆိုင်ရာဝန်ကြီးများကလည်း သဘာဝဘေးဒဏ်သင့် ဒေသများကို ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here