ထိုင်း၌ရေဘေးသင့် အိမ်ထောင်စု ၃ သောင်းကျော်ရှိနေ

0
178
This handout photo taken and released by the Hill Area and Community Development Foundation on September 11, 2024 shows a car driving through flood waters in Chiang Rai, following heavy rains in the aftermath of Typhoon Yagi. - Thai authorities said four people were killed in the kingdom's northern provinces of Chiang Mai and Chiang Rai and the army has been deployed to help around 9,000 flood-hit families. (Photo by Handout / Hill Area and Community Development Foundation / AFP)

ထိုင်းနိုင်ငံတွင် ပြည်နယ် ၁၂ ခု၌ အိမ်ထောင်စု ၃၀,၀၇၃ ခန့် မှာ ရေဘေးသင့်နေပြီး အများစုသည် မြောက်ပိုင်းပြည်နယ်များတွင်ဖြစ်သည်ဟု သိရသည်။ အထူးသဖြင့် မြောက်ပိုင်းဒေသရှိ ပြည်နယ်အချို့တွင် ရေများမြင့်တက်လျက်ရှိပြီး ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ ထပ်ဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရှင်များကတနင်္ဂနွေနေ့(စက်တင်ဘာ ၁၅) တွင် ပြောသည်။

ထိုင်းနိုင်ငံတွင် သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ပြည်နယ် ၂၈ ပြည်နယ်တွင် ရေဘေးကြုံခဲ့ရပြီး လူ ၄၃ ဦး ‌ေ-သဆုံးကာ ၂၄ ဦးဒဏ်ရာရခဲ့ကြောင်းနှင့် အိမ်ထောင်စုပေါင်း ၁၃၃,၀၄၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း သဘာဝဘေးကြိုတင် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Chaiwat Chuntirapong က ပြောဆိုခဲ့သည်။ ရေဘေးသင့်ဒေသများ၏ ထက်ဝက်ခန့်သည် မြောက်ပိုင်းဒေသတွင်ဖြစ်သည်ဟုလည်း ဆိုသည်။

တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ နိုင်ငံ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ အနောက်ဘက်ကမ်းရိုးတန်းဒေသတွင် မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာနက ပြောဆိုသည်။ ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိတွင်မူ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း အထက်ဇုန်များတွင် မိုးရွာသွန်းမှု လျော့နည်းသွားနိုင်သော်လည်း အရှေ့မြောက် အောက်ပိုင်းဇုန်များ၊ အလယ်ပိုင်းလွင်ပြင်ဒေသများ၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးဆက်လက်ရွာသွန်းနိုင်သည်ဟုလည်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here