“ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင် နေအိမ်အား ဓ-ားပြတိုက်ခဲ့သူ အမျိုးသား (၆) ဦးကို သက်သေခံ ပစ္စည်းများနှင့် ဖမ်းဆီးရမိ၊ ထွက်ပြေး လွတ်မြောက်သူ (၁)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ

0
192

“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင် နေအိမ်အား ဓ-ားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသား (၆) ဦးကို သက်သေခံ ပစ္စည်း ရွှေ (၁ဝ) ပိဿာကျော်၊ ငွေကျပ်သိန်း (၁,ဝဝဝ) ခန့်နှင့် ပစ္စတို‌ေ-သနတ် (၂)လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ(၁)ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ (၁၀) ရက်၊ နံနက် (၈) နာရီတွင် “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်း(၅၇)နှစ် (ဘ)ဦးဝမ်ချောင်သည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့အတွင်းရှိ “ချောင်ချောင်”ရွှေဆိုင်(၃)ဆိုင်သို သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့ တင်နေစဉ် ADVAN မော်တော်ယာဉ်ဖြင့် အမျိုးသား (၇) ဦးက ‌ေ-သနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုသို့ရောက်ရှိလာပြီး ရွှေ (၁၀) ပိဿာကျော်နှင့် ငွေကျပ်သိန်း (၁,၀၀၀) ခန့်တို့အား ဓ-ားပြတိုက်လုယက်ဆောင်ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းအရ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် နယ်မြေအတွင်း သတင်းရယူ စုံစမ်းခဲ့ရာစက်တင်ဘာ(၁၄) ရက် ည (၉)နာရီခွဲတွင် ဓ-ားပြတိုက် လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး(၄၀)နှစ်(ဘ)ဦးကျော်သောင်းအား ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သာ ဟိုတယ်ရှေ့၊ လမ်း(၃၀) မြိုပတ်လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်း၏ ထွက်ဆိုချက်အရ ဓ-ားပြတိုက်လုယက်မှုကျူးလွန်ရာတွင် ၎င်းအပါအဝင် နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး၊ ကျော်စိုးမင်းထွန်း(ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ)ကရင်ကြီး၊ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၊ လှိင်းထက်အောင် (ခ)တောဝက်(ခ) ဝက်ကလေးနှင့် ချမ်းသာ(ခ)ရွှန်းထက်မောင်တို့ (၇) ဦးက ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရသည်။

ခင်မောင်စိုး ထွက်ဆိုချက်အရ စက်တင်ဘာ(၁၄)ရက် ည (၁၁) နာရီခွဲတွင် ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာနေ နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး(၂၇)နှစ်(ဘ)ဦးစိုးဝင်း၊ ပန်းတောင်းမြို့နယ်၊ ကျားအိုကျေးရွာနေ ကျော်စိုးမင်းထွန်း(ခ) ညီညီစိုး(၄၆)နှစ် (ဘ)ဦးလှထွန်းနှင့် မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာနေ ဇင်ကိုကိုကျော်(ခ)ကရင်ကြီး (၂၉) နှစ် (ဘ)ဦးကျော်ဝင်းတို့(၃) ဦးအား ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ GTM ဟိုတယ်၌ အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဓ-ားပြတိုက်လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ဓာ-းပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား ပုသိမ်ကြီးမြို့ နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ အောင်ဇော်ထွန်း(ခ) အငယ်ကောင်၏ နေအိမ်၌ သိမ်းဆည်းထားကြောင်း ထွက်ဆိုချက်အရ သိရသည်။

ထို့ကြောင့် စက်တင်ဘာ (၁၄) ရက် ည (၁၂) နာရီခွဲအချိန်တွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ အောင်ဇော်ထွန်း (ခ)အငယ်ကောင်(၂၁)နှစ် (ဘ)ဦးထွန်းလင်းအား မီးခံသေ တ္တာအတွင်း ထည့်ထားသည့် သက်သေခံရွှေထည်ပစ္စည်းများ နှင့် နေအိမ်ခြံဝင်းအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ (၁၅) ရက် နံနက် (၂) နာရီတွင် တရားခံ ခင်မောင်စိုး၏ နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတို‌ေ-သနတ် (၁) လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ် (၁) လက်၊ ကျည် (၁၄) တောင့်နှင့် သက်သေခံ ရွှေထည်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ယင်းနေ့ မွန်းလွဲ (၂) နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ လှိင်းထက်အောင်(ခ) တောဝက် (ခ) ဝက်ကလေး(၂၅)နှစ် (ဘ)ဦးကျော်သက်အောင်အား ပြ ည်ကြီးတံခွန်မြို့ နယ်၊ တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းသာ(ခ)ရွှန်းထက်မောင်(၂၆)နှစ် (ဘ) ဦးခင်မောင်အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here