ရေကြီးရေလျှံမှုကြောင့် တံတားများထိခိုက်ပျက်စီးခဲ့မှုကိုသင်ခန်းစာယူ၍ ရေစီးဆင်းမှုဒဏ်ခံနိုင်ရန် စနစ်တကျတွက်ချက်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ဆွေးနွေး

0
46

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးအဆက်မပြတ်ရွာသွန်းကာ ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်နေမှုကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကုန်-မန္တလေး လမ်းဟောင်း ဆင်‌ေ-သချောင်းအတိုင်း ရေတိုက်စားမှုကြောင့် ကားလမ်းဘေးရေတိုက်စားပျက်စီးနေမှုများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နဝင်းချောင်းတံတား(အဆုံ)အား ယာယီဘေလီတံ တားထိုး၍ တည်ဆောက်ပြုပြင်နေမှုကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူ၍ တံတားများ တည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန်နှင့် တံတားကြီးနေရာများ၌ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်း နေရာများကို ရေလမ်းကြောင်းဖြောင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နဝင်းချောင်းတံတား(အဆုံ) ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် (၄၀) တန်၊ အရှည် (၁၀၀) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ သံဘေလီသုံးလွှာ (၁) ထပ်တံ တားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ (၁၁)ရက်မှစ၍ အစားထိုးစတင်တည်ဆောက်လျက်ရှိရာ စက်တင်ဘာ (၁၆) ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများ တမံအတွင်း ပိတ်ဆို့နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ကျိုးပေါက်နေသည့် တမံနေရာများ စနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်နှင့် အခြားလိုအပ်သည် များကို မှာကြားခဲ့‌ေကြာင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား (ဆင်‌ေ-သချောင်းကူး)အား ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း သိရသည်။

နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်သည့် ယာယီ
ဘေလီတံတားပေါ်မှ မော်တော်ယာဉ်များဖြင့် မောင်းနှင်ဖြတ်သန်းခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here