ယူအေအီးစေ့စပ်မှုဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်း ၂၀၆ ဦးလဲလှယ်ခဲ့ကြ

0
93
This handout photograph taken and released by the Ukrainian Presidential Press Service on September 14, 2024 shows Ukrainian prisoners of war (POWs) posing for a photo following a swap at an undisclosed location in Ukraine. - Russia said on September 14, 2024 it swapped 103 Ukrainian soldiers held captive for an equal number of Russian POWs in an exchange deal brokered by the United Arab Emirates. (Photo by Handout / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP)

ကိဗ်၊စက်တင်ဘာ ၁၄

ရုရှားက ယူကရိန်းအရှေ့ဘက်ခြမ်းသို့ ထိုးစစ်ကို ဆက်လက်ဆင်နွှဲနေစဉ်မှာပင် ၎င်းတို့နှစ်ဘက်အကြား ယူအေအီး၏ကြားဝင်စေ့စပ်ပေးမှုဖြင့် သုံ့ပန်း ၁၀၃ ဦးစီ လဲလှယ်ခဲ့ကြကြောင်းသိရသည်။

ယခုလဲလှယ်မှုတွင် ပြန်လည်လွတ်မြောက်လာသည့် ရုရှားသုံ့ပန်းအချို့မှာ ယူကရိန်းက ရုရှားပိုင်နက်ရှိ ကာ့စ်ဒေသသို့ထိုးစစ်ဝင်ရောက်ချိန်၌ ဖမ်းမိခဲ့သူများဖြစ်ကြပြီး ယူကရိန်းသုံ့ပန်းအချို့မှာမူ ၂၀၂၂ ခုနှစ် မေလက Azovstal သံမဏိစက်ရုံကို ရုရှားက ဝင်ရောက် စီးနင်းစဉ် ဖမ်းမိခဲ့သူများဖြစ်ကြောင်းလည်းသိရသည်။

“ရုရှားရဲ့ထိန်းသိမ်းခံထားရတဲ့ ယူကရိန်းတပ်မတော်သား ၁၀၃ ဦးကို နိုင်ငံကိုပြန်ခေါ်နိုင်ခဲ့ပါပြီ၊အခုလွတ်လာတဲ့သူတွေထဲမှာ တပ်သားနှင့်တပ်ကြပ် ကြီး ၈၂ ဦးအပြင် အရာရှိ ၂၁ ဦးပါဝင်ပါတယ်” ဟုလည်း သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

ရုရှားကမူ လတ်တလောတွင် ယူကရိန်းနှင့်စစ်သုံ့ပန်း ၁၀၃ ဦးစီလဲလှယ်ထားကြောင်း အတည်ပြုပြောကြားခဲ့ပြီး ၎င်းတို့သည် ကာ့စ်ဒေသသို့ယူကရိန်းထိုးစစ်ဆင်လာစဉ် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟုလည်း အတည်ပြုပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ပြန်လည်လွတ်မြောက်လာသူအကျဉ်းသားများကို ဘီလာရုဇ်တွင်ထားထားပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုများေပးထားကာ ဆွေမျိုးမိသားစုများထံဆက်သွယ်နိုင်ရန်လည်းစီစဉ်ပေးနေသည်ဟုပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here