အမေရိကသည် ဇလန်းစကီးနှင့်စစ်ပွဲမဟာဗျူဟာရေးဆွဲမည်

0
92
WASHINGTON, DC - JULY 11: U.S. President Joe Biden (L) and Ukraine President Volodymyr Zelenskyy (R) participate in the launching of the Ukraine Compact at the 2024 NATO Summit on July 11, 2024 in Washington, DC. NATO leaders convene in Washington this week for the annual summit to discuss future strategies and commitments and mark the 75th anniversary of the alliance’s founding. Kevin Dietsch/Getty Images/AFP (Photo by Kevin Dietsch / GETTY IMAGES NORTH AMERICA / Getty Images via AFP)

ကိဗ်၊စက်တင်ဘာ ၁၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ယူကရိန်းသမ္မတဇလန်းစကီးနှင့် ယခုလအတွင်း စစ်ပွဲမဟာဗျူဟာရေးဆွဲရန်စီစဉ်နေပြီး ယူကရိန်းအတွက် ထောက်ပံ့ရေးအစီအစဉ်သစ်တစ်ခုကိုလည်းပြင်ဆင်နေပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်ကပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇလန်းစကီးက ရုရှားနှင့်စစ်ပွဲကို ပါးပါးနပ်နပ်အဆုံးသတ်နိုင်မည့် အောင်နိုင် ရေး စီမံကိန်းကို သမ္မတဘိုင်ဒင်နှင့် ၎င်း၏အရိုက်အရာကိုဆက်ခံမည့်သူ နှစ်ဦးထံတင်ပြလိုကြောင်းပြောကြားခဲ့သည်ဟုသိရသည်။

“ဒီစစ်ပွဲမှာအောင်မြင်ဖို့အတွက် ပြီးပြည့်စုံတဲ့ ကျယ်ပြန့်စွာ လွှမ်းခြုံတဲ့မဟာဗျူဟာတစ်ခုလိုနေတယ်လို့ထင်ပါတယ်၊ သမ္မတဇလန်းစကီးရဲ့အစီအစဉ်ကို စိတ်ဝင်စားတာမို့ ကျွန်တော်တို့အားလုံး ဆွေးနွေးဖို့စိတ်အားထက်သန်နေပြီး သမ္မတကြီးကတော့ ပိုပြီးစိတ်အားထက်သန်နေပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ယင်းနောက် ယူကရိန်းအရှေ့ဘက်သို့ဦးတည်ပြုလုပ်နေသည့် ရုရှား၏ထိုးစစ်နှင့်အောင်မြင်မှုများအား အချိန်မှီဟန့်တားနိုင်စေဖို့ ကြီးမားသည့်ပံ့ပိုးကူညီမှုအစီအစဉ်တစ်ခုအား ပြင်ဆင်ရန်လည်းအရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အကယ်၍အချိန်မီ မဟန့်တားနိုင်ပါက မော်စကို ကို တိုက်ခိုက်ရေးလမ်းကြောင်းသစ်ဖွင့်ပေးလိုက်သလိုဖြစ်ပြီး ယူကရိန်းအတွက် ထောက်ပံ့ရေးလမ်းကြောင်းများကို အနှောင့်အယှက်ဖြစ်လာစေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here