လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင်မီးလောင်

0
51

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း အကွက်အမှတ် (၅၄) တွင် level 1 အဆင့်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ စက်တင်ဘာ (၁၆) ရက်၊ နံနက် (၄)နာရီ (၄၃)အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီး သတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ရာ နံနက် (၅)နာရီ (၅)မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှု များလာသောကြောင့် level 1 ယာဉ်အုပ်စု ဆက်လက်ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ဆက်လက်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီ (၂၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၅)နာရီ (၃၉) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု အခြေအနေများနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here