နေအိမ်အတွင်းပိတ်မိနေသည့် ရေဘေးသင့်ဝန်ထမ်းမိသားစုနှင့်ရွာသူ၊ရွာသား(၂၀)ဦးကျော်ကို မြန်မာ-တရုတ်ရေနံကုမ္ပဏီကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာကယ်ဆယ်ပေးခဲ့

0
45

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(နေပြည်တော်ရုံးခွဲ)မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် နေအိမ်အတွင်းပိတ်မိနေသည့် ရေဘေးသင့်ဝန်ထမ်းမိသားစုနှင့်ရွာသူ၊ရွာသား(၂၀)ဦးကျော်ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရုံးခွဲဝန်ထမ်းဖြစ်သော ပျဉ်းမနားမြို့နယ်၊ မအူပင်ကျေးရွာနေ မဇင်ဇင်ဝါ၏ မိခင်ဖြစ်သူမှာ ရုံးခွဲ၏ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များထံ စက်တင်ဘာ ၁၂ ရက်နံနက်အစောပိုင်းက ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့နေအိမ်နှင့်အခြားအိမ်များမှာ ရေကြီးမှုကြောင့်နစ်မြုပ်နိုင်သောအခြေအနေတွင်ရှိနေကြောင်း ပြောဆိုကာအကူအညီတောင်းခံခဲ့သည်။

ထို့ပြင် မဇင်ဇင်ဝါမှလည်း နေပြည်တော်ရုံးခွဲတာဝန်ခံထံ ဆက်သွယ်သတင်းပို့အကြောင်းကြားခဲ့၍ အရေးပေါ်ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် နေအိမ်အတွင်းပိတ်မိနေသော မဇင်ဇင်ဝါ၏ မိခင်နှင့်အဒေါ်တို့ကို ရေဘေးလွတ်ကင်းရာသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ မဇင်ဇင်ဝါ၏ မိသားစုဝင်များအား ကယ်ဆယ်မှုများပြုလုပ်ပေးနေချိန် ယင်း ကျေးရွာ၌ပင် ရေကြီးမှုကြောင့် သစ်ပင်များ၊ အိမ်ခေါင်မိုးများပေါ်တွင်ပိတ်မိနေသော ရွာသူ‌၊ရွာသား ၂၀ ဦးကျော်ကိုလည်း ရုံးခွဲ၏ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(နေပြည်တော်ရုံးခွဲ)မှ ဝန်ထမ်းများသည် စက်တင်ဘာ ၁၄ ရက်ကလည်း နေပြည်တော် ပျဉ်းမနားသကြားစက်အရှေ့ဖက်ရှိ ဆင်‌ေ-သကျေးရွာ၊ မအူပင်ကျေးရွာ၊ သစ်လေးလုံးကျေးရွာ၊ “မြတ်ဆုမွန်” မိဘမဲ့ကလေးများနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ သာဂရမြို့နှင့်သာဝတ္ထိကျေးရွာတို့ရှိ ရေဘေးသင့်သူများကို အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးနှင့်မုန့်ခြောက်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(နေပြည်တော်ရုံးခွဲ)ဝန်ထမ်းများသည် အခြားအလှူရှင်များမှ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်လှူချင်ပြီးသွားရောက်နိုင်ခြင်းမရှိသည့် အလှူရှင်များ၏အကူအညီတောင်းခံမှုကြောင့် သွားရောက်လှူဒါန်းပေးမှုများလည်း ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here