AHA Centre မှပေးပို့သည့်ရေဘေးကယ်ဆယ်ရေးပစ္စည်းများရောက်ရှိလာ

0
23

ရေဘေးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံအတွက် AHA Centre မှပေးပို့သော ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ယနေ့ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA) ထံမှ သိရသည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေးပစ္စည်းများအား MNA ၏ Boeing 737-800 Freighter လေယာဉ် (9M-WCA) ခရီးစဉ်အမှတ် UB-2020 လေယာဉ်က ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် တင်ဆောင်လာခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းများ၏ စုစုပေါင်းအလေးချိန်မှာ 5560 kg ရှိကြောင်း သိရသည်။

MNA မှအကူအညီလိုအပ်နေသည့် ရေဘေးသင့်ဒေသများထံ လိုအပ်သည့်ကယ်ဆယ်ရေးပစ္စည်းများမြန်ဆန်ချောမွေ့စွာရောက်ရှိနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်သူများထံ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိစေရန်အတွက်လည်း ပြည်တွင်း/ပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here